Connect with us

Europe

ဆန္ဒပြပွဲအတွင်း အမေရိကန် ရဲတပ်ဖွဲ့ဝင်များက ဩစတြေးလျသတင်းသမားများအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုအပေါ် စုံစမ်းစစ်ဆေးရန် ဩစတြေးလျဝန်ကြီးချုပ် ညွှန်ကြား

ဆစ်ဒနီ ၊ ဇွန် ၃ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဝါရှင်တန်ဒီစီ၌ ဇွန် ၂ ရက်က ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲ တစ်ခုအတွင်း ဩစတြေးလျ နိုင်ငံသား သတင်းထောက်တစ်ဦး နှင့် ကင်မရာသမား တစ်ဦးအား အမေရိကန်ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့မှုအပေါ် စုံစမ်းစစ်ဆေးရန် ဩစတြေးလျ နိုင်ငံ ဝန်ကြီးချုပ် Scott က ဝါရှင်တန်ဒီစီရှိ ဩစတြေးလျသံရုံးအား ညွှန်ကြားခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဩစတြေးလျသတင်းအဖွဲ့သည် အမေရိကန် နိုင်ငံ သမ္မတအိမ်ဖြူတော်အနီးတွင် ကြီးမားသော ဆန္ဒပြပွဲတစ်ခုကို ရုပ်သံတိုက်ရိုက် ထုတ်လွှင့်မှု ပြုလုပ်နေစဉ်  ရဲတပ်ဖွဲ့ဝင်များက အဓိကရုဏ်း နှိမ်နင်းရာတွင်အသုံးပြုသည့် ဒိုင်းဖြင့် ကင်မရာရိုက်ကူးသူ အမျိုးသားအား ဦးစွာတွန်းထုတ်ပြီး လက်သီးဖြင့်လည်းထိုးခဲ့ကြောင်း ယင်းနောက် ပြန်လည်ထွက်ခွာနေသည့် သတင်းထောက်အမျိုးသမီးအား ရိုက်နှက်ခဲ့ကြောင်း ရုပ်သံဖိုင်တွင် ဗီဒီယိုရုပ်သံတစ်ခုတွင် ဖော်ပြထားသည်။ 

ဒေသတွင်း မီဒီယာများ၏ ဖော်ပြမှု အရ ဩစတြေးလျ နိုင်ငံ ဝန်ကြီးချုပ် Scott Morrison က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ ရှိ ဩစတြေးလျသံရုံးသို့ ဆက်သွယ်၍ ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးရန်အတွက် ညွှန်ကြားခဲ့ကြောင်း သိရသည်။ 

ဩစတြေးလျ 7News သတင်း ဌာနတွင် လုပ်ကိုင်နေသော အဆိုပါ ဩစတြေးလျ သတင်းသမားနှစ်ဦးက ၄င်းတို့သည် သတင်းသမားများ ဖြစ်ကြောင်း သက်သေခံကတ်ပြား ထုတ်ပြခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များက မဆင်မခြင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.