Connect with us

Europe

တူရကီ နိုင်ငံ အနောက်ပိုင်း ပင်လယ်ပြင် တွင် စက်လှေ တိမ်းမှောက်မှု ဖြစ်ပွား လူ ၈ ဦး သေဆုံး

Aegean ပင်လယ်ပြင် ကို ဖြတ်ကျော်၍ ဂရိ နိုင်ငံ သို့ သွားရောက် သည့် ဒုက္ခသည် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အစ္စတန်ဘူလ် ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ ကမ်းရိုးတန်းစောင့် တပ်ဖွဲ့ က အောက်တိုဘာ ၁၀ ရက် တွင် နိုင်ငံ အနောက်ပိုင်း Aegean ပင်လယ်ပြင် တွင် တရားမဝင် ရွှေ့ပြောင်းသူများ ၏ စက်လှေ တိမ်းမှောက်မှု ဖြစ်ပွား ခဲ့သဖြင့် ၈ ဦး သေဆုံး ခဲ့ပြီး ၂၅ ဦး ပျောက်ဆုံးနေကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

တူရကီ နိုင်ငံ ကမ်းရိုးတန်းစောင့် တပ်ဖွဲ့ ၏ ထုတ်ပြန် ကြေညာချက်အရ သေဆုံးသူ ၆ ဦး အား ကမ်းခြေတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၂ ဦး အား ပင်လယ်ပြင်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေပြီး ၂၅ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

တူရကီ နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ တိမ်းမှောက်ခဲ့သည့် တရားမဝင်ကူးပြောင်သော စက်လှေ က ဂရိ နိုင်ငံ သို့ သွားရောက်ရန် စီစဉ် ခဲ့ကြောင်း ၊ တူရကီ နိုင်ငံ İzmir ပြည်နယ် Karaburun ဒေသ အနီးရှိ ပင်လယ်ပြင် တွင် တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ တူရကီ ကမ်းရိုးတန်းစောင့် တပ်ဖွဲ့ အနေဖြင့် အမျိုးသမီး တစ်ဦး အား ကယ်ဆယ် နိုင်ခဲ့ပြီး ယင်း အမျိုးသမီး မှာ အီရတ် နိုင်ငံ မှ ဖြစ်ကြောင်း သိရှိရသည်။

Aegean ပင်လယ် က တရားမဝင် ရွှေ့ပြောင်းသူများ တူရကီ နိုင်ငံ မှ တစ်ဆင့် ဥရောပ နိုင်ငံ သို့ သွားရောက်သည့် ပင်လယ် တစ်ခု ဖြစ်သည်။ ယခု နှစ် တွင် Aegean ပင်လယ် မှ ဥရောပ နိုင်ငံများ သို့ တရားမဝင် ကူးပြောင်းသူများ ပိုမို မြင့်တက် လာခဲ့ပြီး တူရကီ နိုင်ငံ အစိုးရ ၏ ထုတ်ပြန်ချက်အရ ယခု နှစ် တွင် တရားမဝင် ရွှေ့ပြောင်းသူပေါင်း ၂၀,၆၈၈ ဦး ကို တားဆီး နိုင်ခဲ့ပြီး ယခင်နှစ်ထက် လူပေါင်း ၄,၆၄၀ ဦး တိုးမြင့်လာ ခဲ့ကြောင်း သိရှိရသည်။

စာရင်း ပြုစုချက် များအရ ယခု နှစ် ဇူလိုင်လ မှ စတင်၍ Aegean ပင်လယ်ပြင် တွင် တရားမဝင် ရွှေ့ပြောင်းသူ ၃၀ ဦး ခန့် သေဆုံးခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.