Connect with us

Europe

ဘော့စနီးယား နှင့် ဟာဇီဂိုဗီးနား နိုင်ငံ မြောက်ပိုင်း ဒေသ ရှိ ရေနံချက်စက်ရုံ တွင် ပြင်းထန်သည့် ပေါက်ကွဲမှု ဖြစ်ပွား

ဘော့စနီးယား နှင့် ဟာဇီဂိုဗီးနား နိုင်ငံ မြောက်ပိုင်း ဒေသ ရှိ ရေနံချက်စက်ရုံ ပေါက်ကွဲမှု ဖြစ်ပွား နေစဉ်(ဆင်ဟွာ)

ဆာရာဂျီဗို ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ဘော့စနီးယား နှင့် ဟာဇီဂိုဗီးနား နိုင်ငံ မြောက်ပိုင်း ဒေသ ရှိ ရေနံချက်စက်ရုံ တွင် အောက်တိုဘာ ၉ ရက် ညပိုင်း အချိန်၌ ပြင်းထန်သည့် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရာ စက်ရုံ အတွင်းရှိ အလုပ်သမား ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဘော့စနီးယား နှင့် ဟာဇီဂိုဗီးနား နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ရေနံချက်စက်ရုံ က နိုင်ငံ မြောက်ပိုင်း Brod မြို့တွင် တည်ရှိပြီး ပေါက်ကွဲမှု က အောက်တိုဘာ ၉ ရက် ည ၁၀ နာရီခန့်တွင် ဖြစ်ပွား ခဲ့ကြောင်း ၊ ပေါက်ကွဲမှု မှာ လွန်စွာ ပြင်းထန်ပြီး ရေနံချက် စက်ရုံ အနီးရှိ အဆောက်အဦ များ၏ ပြူတင်ပေါက်မှန်များ ကျေမွ သွားခဲ့ကြောင်း သိရှိရသည်။

ဒေသတွင်း အရေးပေါ် ကယ်ဆယ်ရေး စင်တာ တာဝန်ရှိသူ ၏ ပြောကြားချက်အရ ဒဏ်ရာရရှိခဲ့သည့် အလုပ်သမား ၈ ဦး မှာ အသက် အန္တရာယ် မစိုးရိမ် ရကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များအရ ပေါက်ကွဲမှုကြောင့် ကြီးမားသည့် မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ပြီး မီးသတ် တပ်ဖွဲ့ မှ မီးလောင်ကျွမ်းမှု အား ထိန်းချုပ် နိုင်ရန် ဆောင်ရွက်နေကြောင်း ၊ ပေါက်ကွဲမှု နှင့် မီးလောင်ကျွမ်းမှုကြောင့် မီးခိုးများစွာ ထွက်ရှိလာခဲ့ပြီး ရဲတပ်ဖွဲ့ က အနီးပတ်ဝန်းကျင်ရှိ ပြည်သူများ အိမ်အတွင်း နေထိုင်ကြရန် အကြံပြုခဲ့ကြောင်း ၊ ပေါက်ကွဲမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.