Connect with us

Europe

ဘရပ်ဆဲလ်တွင် ပေါက်ကွဲမှုများတွင် သေဆုံးသူ ဦးရေ ၂၈ ဦးထိ ရှိလာ

ဘရပ်ဆဲလ် လေဆိပ်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားအပြီး တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘရပ်ဆဲလ်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် တွင် မတ်လ ၂၂ ရက်က ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာ လေဆိပ်အတွင်း ပေါက်ကွဲမှုတွင် သေဆုံးသူ ၁၃ ဦး ရှိခဲ့ပြီး ၊ မြေအောက်ရထား ဘူတာရုံ ပေါက်ကွဲမှုတွင် သေဆုံးသူ ၁၇ ဦး ရှိခဲ့ကြောင်း နောက်ဆုံး ရရှိထားသော သတင်းများအရ သိရသည်။

မတ်လ ၂၂ ရက် ဒေသ စံတော်ချိန် နံနက် ၈ နာရီ ဝန်းကျင်ခန့်က ဆက်တိုက်ဆိုသလို ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ကနဦး သတင်းများအရ စုစုပေါင်း သေဆုံးသူ မှာ ၁၇ ဦး ရှိခဲ့ရာမှ ယခု နောက်ဆုံး သတင်းများအရ သေဆုံးသူမှာ ၂၈ ဦး အထိ မြင့်တက်ခဲ့ပြီး ၊ လေဆိပ် ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိသူ ၃၅ ဦး ရှိကြောင်း သိရသည်။

ဘရပ်ဆဲလ်မြို့ မြေအောက် ရထားဘူတာရုံတစ်ခု၌ ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
အဆိုပါ ပေါက်ကွဲမှုများသည် IS စစ်သွေးကြွများ၏ အသေခံ ဗုံးပေါက်ကွဲ တိုက်ခိုက်မှုများကြောင့် ဖြစ်ပြီး၊ ယင်းအကြမ်းဖက် တိုက်ခိုက်မှုများအား နိုင်ငံတကာ ခေါင်းဆောင်များကလည်း ရှုတ်ချထားကြောင်း သတင်းများက ဆိုသည်။ ထို့ပြင် ယင်းတိုက်ခိုက်မှုများသည် ဥရောပ၏ လုံခြုံရေးကို ခြိမ်းခြောက်လာခြင်း ဖြစ်ပြီး ၊ ဥရောပ ခေါင်းဆောင်များ အနေဖြင့် အကြမ်းဖက်မှုများက ိုပူးပေါင်း တိုက်ဖျက်သွားမည် ဖြစ်ကြောင်း နှင့် ပေါက်ကွဲမှုကြောင့် အသက် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းေ ကြကွဲရကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။
ယခုအခါ ဘရပ်ဆဲလ် လေဆိပ်ကို ပိတ်ထားရပြီး လေယာဉ် ခရီးစဉ်များ အားလုံးလည်း ဖျက်သိမ်းလိုက်ရကြောင်း ဘရပ်ဆဲလ် လေကြောင်းလိုင်း၏ တရားဝင် ဝက်ဘ် ဆိုဒ်တွင် ဖော်ပြထားသည်။ ထို့ပြင် ဘရပ်ဆဲလ် မြို ့အား လုံခြုံရေး သတိပေး အဆင့်အမြင့်ဆုံး တပ်လှန့်ထားကြောင်းလည်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.