Connect with us

Europe

ဘရပ်ဆဲလ် လေဆိပ် ပေါက်ကွဲမှုများကြောင့် လူ ၁၇ ဦး သေဆုံး၊ လူအများအပြား ဒဏ်ရာရ

ဘရပ်ဆဲလ်မြို့ လေဆိပ်၌ မတ်လ ၂၂ ရက် နံနက်က ပေါက်ကွဲမှု ဖြစ်ပွားစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘရပ်ဆဲလ်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် လေဆိပ်၌ မတ်လ ၂၂ ရက်က ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် လူ ၁၇ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း ဘယ်လ်ဂျီယံ မီဒီယာများက သတင်း တင်ပြထားသည်။

ဒေသ စံတော်ချိန် နံနက် ၈း၀၀ နာရီ မတိုင်မီ အဆိုပါ ပေါက်ကွဲမှု နှစ်ကြိမ် ကြားခဲ့ရကြောင်း ဘယ်လ်ဂျီယံ RTBF သတင်းဋ္ဌာနက မျက်မြင် သက်သေများ၏ ပြောကြားချက်အား ကိုးကား၍ သတင်း တင်ပြထားသည်။

မတ်လ ၂၂ ရက် နံနက် ဘရပ်ဆဲလ် လေဆိပ်၌ ဖြစ်ခဲ့သည့် အဆိုပါ ပေါက်ကွဲမှု နှစ်ခုကြောင့် လေဆိပ် ပိတ်ထားရပြီး လေယာဉ် ခရီးစဉ်များ အားလုံး ဖျက်သိမ်းလိုက်ကြောင်း ဘရပ်ဆဲလ် လေကြောင်းလိုင်း၏ တရားဝင် ဝက်ဘ် ဆိုဒ်တွင် ကြေညာထားသည်။

အဆိုပါ ပေါက်ကွဲမှုများကြောင့် လေဆိပ်၏ ထွက်ခွာရာဋ္ဌာနရှိ ခန်းမမှာ အကြီးအကျယ် ပျက်စီးသွားခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက ဆင်ဟွာသို့ပြောသည်။
လေဆိပ်၌ ပေါက်ကွဲမှုများ ဖြစ်ပွားပြီး များမကြာမီတွင် ဘရပ်ဆဲလ်မြို့ရှိ ဥရောပ ကော်မရှင် ရုံးချုပ်နှင့် ဥရောပ လွှတ်တော်အနီးရှိ Maelbeek မြေအောက်ရထား ဘူတာ၌လည်း ပေါက်ကွဲမှု တစ်ခု ထပ်မံ ဖြစ်ပွားခဲ့သည်။ ယင်းပေါက်ကွဲမှုကြောင့် မြေအောက်ရထားလမ်း စနစ်များ ရပ်တန့်သွားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.