Europe
ရုရှားနိုင်ငံ အစွန်အဖျားရှိ Nikol’skoye ကျေးလက်ဒေသတွင် ရစ်ချ်တာစကေး အင်အား ၇.၇ ရှိ ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ခဲ့
ပေကျင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ Nikol’skoye ကျေးလက်ဒေသ ၏ အရှေ့ဘက် နှင့် အရှေ့တောင်ဘက်ကြား ၁၉၉ ကီလိုမီတာ တွင် ရစ်ချ်တာစကေး အင်အား ၇.၇ အဆင့်ရှိ အလွန်ပြင်းထန်သော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒစစ်တမ်းကောက်ယူမှု အဖွဲ့ကပြောကြားခဲ့သည်။
ငလျင်သည် မြောက်လတ္တီကျု ၅၄.၄၆၅၆ ဒီဂရီ၊ အရှေ့လောင်တီကျု ၁၆၈.၈၂၁၈ ဒီဂရီကို ဗဟိုပြု၍ မြေအောက်အနက် ၁၁.၇ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကနဦးတိုင်းထွာချက်များအရ သိရသည်။ (Xinhua)
Continue Reading