Connect with us

Europe

စပိန်တွင် ရိုလာကိုစတာ မတော်တဆမှုကြောင့် အနည်းဆုံး လူ ၂၆ဦး ဒဏ်ရာရရှိ

စပိန်နိုင်ငံ မက်ဒရစ်မြို့ Parque de Atracciones အပန်းဖြေဥယျာဉ် ရှိ “Tren de la Mina” အမည်ရှိ ရိုလာကိုစတာ အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မက်ဒရစ်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ အပန်းဖြေဥယျာဉ်တစ်ခု ၏ ရိုလာကိုစတာပေါ်တွင် ရထား၂စင်း တိုက်မိခဲ့ရာ ကလေးငယ်အချို့အပါအဝင် အနည်းဆုံး လူ ၂၆ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း အရေးပေါ်ဋ္ဌာနများက ဇူလိုင် ၁၆ ရက်တွင်ပြောကြားခဲ့သည်။

Parque de Atracciones အပန်းဖြေဥယျာဉ် ၌ “Tren de la Mina” ခေါ် “မိုင်းတွင်းရထား” အမည်ရှိ ရိုလာကိုစတာပေါ်တွင် ဒေသစံတော်ချိန် နေ့လည် ၂း၃၀နာရီက မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“မိုင်းတွင်းရထား” အမည်ရှိ ရိုလာကိုစတာ သည် စီးနင်းသူများအနေဖြင့် ပုံရိပ်ယောင် သုံးဖက်မြင်ရုပ်ကြွများကို တွေ့မြင်နိုင်သော မျက်မှန်များ တပ်ဆင်၍ စီးနင်းနိုင်သည့် စပိန်နိုင်ငံ၏ ပထမဆုံးသော ရိုလာကိုစတာဖြစ်ကြောင်း သိရသည်။ရိုလာကိုစတာ မတော်တဆမှုကြောင့် ဒဏ်ရာအကြီးအကျယ်ရရှိခဲ့ခြင်းမရှိဘဲ အများစုမှာ အော့အန်ခြင်း၊ ပြတ်ရှဒဏ်ရာများ နှင့် အသားရောင်ရမ်းမှု အနည်းငယ်သာ ဖြစ်ပေါ်ခဲ့ပြီး ၎င်းတို့အား ဒေသတွင်းဆေးရုံများသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။ (Xinhua)