Connect with us

Europe

ရုရှားလေယာဉ်အား ပြန်ပေးဆွဲရန် ကြိုးစားသည့် ခရီးသည်တစ်ဦးကို ဖမ်းဆီးထိန်းသိမ်း

လေယာဉ်ပြန်ပေးဆွဲရန် ကြိုးပမ်းခံရသည့် ရုရှားလေယာဉ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မော်စကို၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားပြည်နယ် Surgur မြို့မှ မော်စကိုမြို့သို့ မောင်းနှင်လာသော ရုရှားလေယာဉ်တစ်စီး အား ဇန်နဝါရီ ၂၂ရက်တွင် ခရီးသည်တစ်ဦး က ပြန်ပေးဆွဲရန် ကြိုးစားခဲ့ကြောင်း ရုရှားနိုင်ငံစုံစမ်းစစ်ဆေးရေး ကော်မတီက ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

ကနဦး သတင်းရရှိချက်များအရ လေယာဉ်ပျံသန်းနေစဉ် မူးယစ်နေသော အမျိုးသားတစ်ဦးသည် လေယာဉ်မှူးအခန်းအတွင်းသို့ ဝင်ရောက်လာကာ လမ်းကြောင်းပြောင်းလဲရန် လက်နက်ပြခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးသည်သည် အာဖဂန်နစ္စတန်သို့ ပျံသန်းစေလိုခဲ့ကြောင်း နှင့် စုံစမ်းစစ်ဆေးရေးကော်မတီက ၎င်းပျံသန်းစေလိုသည့် နိုင်ငံကို အတည်ပြုပြောကြားခဲ့ခြင်းမရှိကြောင်း ပြည်တွင်းသတင်းများက ဖော်ပြခဲ့သည်။

ထုတ်ပြန်ချက်၌ လေယာဉ်လမ်းကြောင်းညွှန်ကြားသူ က Surgut မြို့ အရှေ့ဘက် ၃၀၀ကီလိုမီတာ အကွာ ရှိ Khanty-Mansiysk မြို့သို့ အရေးပေါ်ဆင်းသက်ရန် ဆုံးဖြတ်ခဲ့ကြောင်းပါရှိသည်။

တရားခံ သည် Surgut မြို့ခံတစ်ဦးဖြစ်ပြီး တစ်ပါးသူ၏ ပိုင်ဆိုင်မှုများကို ထိခိုက်စေမှုဖြင့် ပြစ်မှုမှတ်တမ်းတစ်ခုရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်အား ရုရှားနိုင်ငံ ဖယ်ဒရယ်လုံခြုံရေးအဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.