Connect with us

Europe

သြစတီးယားနိုင်ငံတွင် ရထားချင်းတိုက်မိ၍ လူတစ်ဦးသေ၊ ၂၂ဦး ဒဏ်ရာရရှိ

သြစတီးယားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရထားတိုက်မိအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဗီယင်နာ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

သြစတီးယားနိုင်ငံ အလယ်ပိုင်း Styria ပြည်နယ် တွင် ဖေဖော်ဝါရီ ၁၂ရက်ကဖြစ်ပွားခဲ့သော ရထားချင်းတိုက်မိမှုကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး အခြားလူ ၂၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းတစ်ခုက ဖော်ပြခဲ့သည်။

Leobenမြို့ အနီးရှိ Niklasdorf စည်ပင်သာယာရေးနယ်မြေ၌ ဖေဖော်ဝါရီ ၁၂ရက် နေ့လည်ပိုင်းခန့်တွင် ခရီးသည်တင်ရထား ၂စင်း တိုက်မိခဲ့ပြီး အကြောင်းရင်းကို သိရှိခြင်းမရှိသေးသော်လည်း ရထား၂စင်းသည် သီးခြားသံလမ်းမှ ဖြတ်သန်းသွားရမည့်အစား ရထားတစ်စီးက အခြားတစ်စီးကို ဝင်တိုက်မိခြင်းဖြစ်နိုင်ကြောင်း သိရသည်။

ရလဒ်အနေဖြင့် အတိုက်ခံရသည့် ရထားတွဲဘက်ခြမ်းတစ်ခုလုံး ပျက်စီးသွားခဲ့ပြီး လူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ခရီးသည် သည် အမျိုးသမီးတစ်ဦးဖြစ်ပြီး ကလေးငယ် သုံးဦးအပါအဝင် အခြားလူ ၂၂ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများအား ဒေသတွင်းရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရထားလမ်းအား အချိန်အတိုင်းအတာတစ်ခုအထိ ပိတ်ထားခဲ့ပြီး အာဏာပိုင်များက မတော်တဆမှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.