Connect with us

Europe

အစိုးရအပေါ် အယုံအကြည်မရှိ အဆိုအား ဗြိတိန် အောက်လွှတ်တော်က ပယ်ချ

ဇန်န၀ါရီ ၁၆ရက် မဲခွဲဆုံးဖြတ်မှုအပြီး ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေအား တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)

အစိုးရအပေါ်အယုံအကြည်မရှိအဆိုအား ဇန်နဝါရီ ၁၆ ရက်က ဗြိတိန် အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ပယ်ချခံခဲ့ရကြောင်း သိရသည်။

အတိုက်အခံ လေဘာပါတီခေါင်းဆောင် Jeremy Corbyn တင်သွင်းသည့် အစိုးရအပေါ် အယုံအကြည်မရှိအဆိုကို ဇန်နဝါရီ ၁၆ ရက်က ဗြိတိန်အောက်လွှတ်တော်တွင် အချေအတင် ဆွေးနွေးရာ ကန့်ကွက်မဲ ၃၂၅ မဲ၊ ထောက်ခံမဲ ၃၀၆မဲဖြင့် ပယ်ချခံခဲ့ရကြောင်း သိရသည်။

ဗြိတိန်လက်ရှိအစိုးရက နိုင်ငံကို စီမံအုပ်ချုပ်နိုင်မှု မရှိသည့် တစ်သီးတစ်ခြား ဖြစ်နေသော zombie အစိုးရ ဖြစ်နေ၍ အထွေထွေ ရွေးကောက်ပွဲကို ကြိုတင်ကျင်းပရန် တိုက်တွန်းကြောင်း Jeremy Corbynက လွှတ်တော် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ထရီဇာမေက လက်ရှိတွင် ရွေးကောက်ပွဲပြုလုပ်ပါက နိုင်ငံ၏အကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိဟု တုံ့ပြန်ပြောဆိုခဲ့သည်။ ထို့အပြင် Brexit ပြဿနာကို ၎င်းအနေဖြင့် ဗြိတိန် ပါတီအသီးသီးက ခေါင်းဆောင်များနှင့်ဆွေးနွေးလိုသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၅ ရက်တွင် ဗြိတိန်အစိုးရနှင့်ဥရောပသမဂ္ဂအကြား ဆွေးနွေးထားသည့် Brexit သဘောတူညီချက် အောက်လွှတ်တော်တွင် ပယ်ချခံရပြီးနောက် Jeremy Corbynက အစိုးရပေါ်အယုံအကြည်မရှိအဆိုကို လွှတ်တော်အား တင်သွင်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.