Connect with us

Eastern Europe

ရုရှားတပ်များ တာဝန်ပြီးဆုံးသည်အထိ လှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်မည်ဟု ပြောကြား၊ ရုရှားတပ်အင်အား စုစည်းမှုများပြုလုပ်နေသည်ဟု ယူကရိန်း ဆို

ပေကျင်း၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ)

လူးဟန့်စ်ဒေသကို “လွတ်မြောက်ရေး” ရရှိပြီးနောက် ရုရှားသမ္မတ ပူတင်ချမှတ်သော တာဝန်များ ဘက်စုံပြီးဆုံးသည်အထိ ရုရှားတပ်များက ယူကရိန်းတွင် အထူးစစ်ဆင်ရေးဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးSergei Shoiguက ဇူလိုင် ၅ ရက် ရုရှားကာကွယ်ရေးဝန်ကြီးဌာန ကျင်းပသော အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ယူကရိန်းတပ်မတော် စစ်ဦးစီးချုပ်ရုံးကလည်း လူးဟန့်စ်ခ်ဒေသကို လုံးဝထိန်းချုပ်နိုင်ရန်အတွက် ရုရှားတပ်များ အင်အားစုစည်းနေကြောင်း ဇူလိုင် ၅ ရက် လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့သည်။___ ယူကရိန်းအကျပ်အတည်း သက်တမ်းရှည်အောင် အနောက်နိုင်ငံများ ယူကရိန်းသို့ လက်နက်အမြောက်အများ ဆက်လက်ပံ့ပိုးနေရာ အနောက်နိုင်ငံများမှ ယူကရိန်းစစ်တပ်သို့ ပေးပို့သော ထောက်ပံ့ရေးပစ္စည်းအကူအညီ တန်ချိန် ၂၈,၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က ပြောကြားခဲ့သည်။ လက်ရှိ ရုရှားဘက်က ဦးစားပေးတာဝန်မှာ ရုရှားစစ်သားများနှင့် သာမန်အရပ်သားပြည်သူများ၏ အသက်အိုးအိမ်လုံခြုံရေးကို အာမခံပေးရန်ဖြစ်ကြောင်း၊ ပင်လယ်နက်နှင့်အဇော့ပင်လယ်ပြင် ရေကြောင်းသွားလာမှုလုံခြုံရေးအာမခံရန်အတွက် ရုရှားဘက်မှ နည်းလမ်းသုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ “ကျွန်တော်တို့က အရပ်သားသင်္ဘောများ သွားလာဖို့အတွက် လူသားချင်းစာနာထောက်ထားမှုစင်္ကြံလမ်းကြောင်း နှစ်ခုထားရှိပါတယ်၊ မာရီယူပိုးလ်ဆိပ်ကမ်းက ရေမြှုပ်မိုင်းတွေကို အပြည့်အဝ ဖယ်ရှားပြီးဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ယူကရိန်းတပ်ဖွဲ့ဝင်များတင်ဆောင်ထားသော ဘတ်စ်ကားတစ်စီး မာရီယူပိုးလ်မှ ထွက်ခွာသွားသည်ကို မေ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

___ ရုရှားတပ်များ လူးဟန့်စ်ခ်ဒေသကို အပြည့်အဝ ထိန်းချုပ်ရန်အတွက် စစ်အင်အားစုစည်းနေပြီး တိုက်ပွဲဖြစ်ပွားပြီးသည့်နေရာများ၌ လမ်းပန်းဆက်သွယ်ရေးအခြေခံအဆောက်အအုံများကို ပြန်လည် ပြန်ဆင်ရန်ကြိုးပမ်းနေကြောင်း ယူကရိန်းတပ်မတော် စစ်ဦးစီးချုပ်ရုံးက ဇူလိုင် ၅ ရက်တွင် ပြောကြားခဲ့သည်။ ယင်းနေ့တွင် ရုရှားတပ်များက Mykolaiv ၊ Dnipropetrovsk နှင့် Sumy ပြည်နယ် သုံးခုကို ဒုံးကျည်ဖြင့်တိုက်ခိုက်ခဲ့ကြောင်း၊ နှစ်ဘက်အကြား လူးဟန့်စ်ခ် နယ်စပ်ဒေသတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း Ukrinform သတင်းအေဂျင်စီက ယူကရိန်းဒေသအသီးသီးစစ်ဘက်ဆိုင်ရာဌာနများ၏ သတင်းကို ကိုးကား၍ ဖော်ပြထားသည်။

___ ရုရှားကာကွယ်ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkovက ယူကရိန်းနယ်နိမိတ်အတွင်း စစ်ရေးဘက်ဆိုင်ရာအဆောက်အအုံများကို ရုရှားတပ်ဖွဲ့များက ဆက်လက်ပစ်ခတ်တိုက်ခိုက်နေကြောင်း ဇူလိုင် ၅ ရက်တွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည်ရက် ရုရှားလေတပ်က ပစ်မှတ်တိကျမှုမြင့်မားသောလက်နက်ဖြင့် Kharkiv မြို့တွင် ယူကရိန်းစစ်သား ၁၅၀ ကို ရှင်းလင်းခဲ့ပြီး ယူကရိန်းစက်မှုတပ်မဟာ ၉၃ မှ စစ်သုံးနည်းပညာပစ္စည်း ၁၂ ခု၊ ဒွန်းနက်စ်ဒေသရှိ ယူကရိန်းစစ်ကွပ်ကဲရေးဌာန ၂ ခု၊ Kharkivပြည်နယ်ရှိ လက်နက်သိုလှောင်ရုံ ၄ ခု ကို ဖျက်ဆီးခဲ့ကြောင်း၊ Kharkiv တွင် ရုရှားတိုက်လေယာဉ်က ယူကရိန်း စစ်တပ် တိုက်လေယာဉ် Sukhoi Su-25 ကို ပစ်ချခဲ့ကြောင်း ပြောကြားခဲ့သည်။ အထူးစစ်ဆင်ရေးလုပ်ဆောင်ပြီးနောက်ပိုင်း ရုရှားစစ်တပ်က ယူကရိန်းစစ်လေယာဉ် ၂၃၁ စီး၊ ရဟတ်ယာဉ် ၁၃၄ စီး၊ မောင်းသူမဲ့ဒရုန်းယာဉ် ၁,၄၅၁ စီး၊ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ် ၃၅၃ စုံ၊ တင့်ကားနှင့်အခြားသံချပ်ကာယာဉ် ၃,၉၁၀ စီး ၊ ဘဇူကာဒုံးလောင်ချာ ၇၁၆ လက်၊ အမြောက်နှင့်စိန်ပြောင်း ၃,၀၉၂ လက်၊ စစ်ဘက်သုံးအထူးယာဉ် ၄,၀၁၆ စီးကို ဖျက်ဆီးခဲ့ကြောင်း ဆိုသည်။

___ ရုရှားနိုင်ငံ Kurskပြည်နယ် နယ်စပ်ဒေသ ကျေးရွာနှစ်ခုသည် ယူကရိန်းတပ်များ၏အမြောက်ဖြင့် တိုက်ခိုက်မှုကို ဇူလိုင် ၅ ရက်တွင် ခံခဲ့ရကြောင်း ယင်းပြည်နယ်အရာရှိတစ်ဦးက အချင်းဖြစ်ပွားသောနေ့တွင် ပြောကြားခဲ့သည်။

___ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် ဇူလိုင် ၅ ရက်က ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ရာတွင် ယူကရိန်းလုံခြုံရေးအာမခံမှုစသည့်အကြောင်းအရာများကို နှစ်ဘက်အကြားဆွေးနွေးခဲ့ကြောင်း ဇူလိုင် ၅ ရက် လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့သည်။ ထိုမတိုင်မီ Ukrinform သတင်းအေဂျင်စီ၏ သတင်းများအရ ရုရှား-ယူကရိန်း ပဋိပက္ခ ဖြစ်ပွားပြီး ဇွန်လကုန်ပိုင်းအထိ ဗြိတိန်မှ ယူကရိန်းသို့ လုံခြုံရေးအကူအညီ စတာလင်ပေါင် ၂.၃ ဘီလီယံ နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် စီးပွားရေးအကူအညီ စတာလင်ပေါင် ၁.၅ ဘီလီယံပေးအပ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

__ ယူကရိန်းတရားဥပဒေစိုးမိုးရေးဌာနက ယူကရိန်းရှိ ရုရှားနှင့်ဘီလာရုဇ်လုပ်ငန်းများ ပိုင်ဆိုင်မှု အနည်းဆုံး ကန်ဒေါ်လာ သန်း ၁၁၀ ခန့် ကို သိမ်းယူလိုက်ကြောင်းနှင့် သိမ်းယူလိုက်ပြီးသော ပိုင်ဆိုင်မှု သုံးပုံတစ်ပုံကို ယူကရိန်း သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပြီးဖြစ်ကြောင်း ယူကရိန်းအစိုးရ ရှေ့နေချုပ် Iryna Venediktova က ဇူလိုင် ၅ ရက် လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့သည်။ (Xinhua)

#Russia, #Ukraine, #Conflict, #xinhua, #xinhuamyanmar, #ရုရှား, #ယူကရိန်း, #ပဋိပက္ခ, #ဆင်ဟွာ
——————————
(Chinese Version)
(乌克兰局势)最新动态:俄军将继续行动直至完成任务 乌方称俄军正在集中力量
2022-07-06 00:14:42
新华社北京7月5日电综合新华社驻外记者报道:俄罗斯国防部长绍伊古5日在俄国防部召开的会议上说,“解放”卢甘斯克地区后俄军将继续在乌克兰开展特别军事行动直至全面完成俄总统普京下达的任务。乌克兰武装部队总参谋部5日在社交媒体上发文说,俄军正集中力量以完全控制卢甘斯克地区。
——绍伊古说,西方国家继续向乌克兰提供大量武器,以期延长乌克兰危机,西方对乌军援物资已逾2.8万吨。目前俄方的优先任务是保障俄军官兵及普通民众的生命安全,俄方正采取系列措施确保黑海和亚速海水域的航运安全。“我们为民用船只通行建立了两条人道主义走廊,马里乌波尔港水域的水雷威胁已完全排除。”
——乌克兰武装部队总参谋部5日说,俄军正集中力量建立对卢甘斯克地区的完全控制,并采取措施试图恢复后方的交通基础设施。乌通社5日援引乌各地军事部门的消息报道,俄军当天用导弹袭击了尼古拉耶夫、第聂伯罗彼得罗夫斯克和苏梅三个州,俄乌两军在卢甘斯克边界地区的战斗仍在继续。
——俄罗斯国防部发言人科纳申科夫5日通报说,俄武装力量继续对乌克兰境内的军事设施进行打击。过去一天,俄空天军使用高精度武器在哈尔科夫市打死近150名乌军人员、摧毁乌方第93机械化旅的12件军用技术装备,打击了乌方在顿涅茨克地区的2个指挥所、在哈尔科夫州的4个弹药库。俄战机在哈尔科夫地区击落乌军一架苏-25战机。自开展特别军事行动以来,俄军共摧毁乌军231架飞机、134架直升机、1451架无人机、353套防空导弹系统、3910辆坦克和其他装甲车、716台多管火箭炮、3092门野战火炮及迫击炮、4016辆特种军用车辆。
——俄罗斯库尔斯克州官员5日说,从当天早晨开始,该州边境地区的两个村庄遭到乌军持续炮击。
——乌克兰总统泽连斯基5日在社交媒体说,当天他与英国首相约翰逊通话,双方就乌克兰安全保障等问题进行了讨论。据乌通社此前报道,从俄乌冲突爆发到6月底,英国已宣布向乌方提供23亿英镑的安全援助以及15亿英镑的人道主义和经济援助。
——乌克兰总检察长伊琳娜·韦涅季克托娃5日在社交媒体发文说,乌执法部门已经没收的俄罗斯和白俄罗斯企业在乌资产不少于33亿格里夫纳(约合1.1亿美元),被没收资产的三分之一已移交给乌克兰相关部门。(参与记者:李东旭、华迪、黄河、李铭、陈畅)(完)

图说1:4月17日,挂着俄罗斯国旗的车辆从马里乌波尔附近驶过。新华社发(维克托摄)
图说2: 5月20日,载着乌克兰武装人员的巴士驶离马里乌波尔。新华社发(维克托 摄)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.