Connect with us

International Organizations

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အကြီးအကဲ ယခုနှစ်ကုန်ပိုင်းတွင် ရာထူးမှနုတ်ထွက်မည်

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Roberto Azevedo အား တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ မေ ၁၅ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization= WTO) ၏ ညွှန်ကြားရေးမှူးချုပ် Roberto Azevedo က၎င်း၏ ရာထူးသက်တမ်းမကုန်ဆုံးမီ ယခုနှစ် ဩဂုတ်လကုန်တွင် ရာထူးမှနုတ်ထွက်မည်ဟု မေ ၁၄ ရက်က ပြောကြားခဲ့သည်။

“လာမယ့် ဩဂုတ်လမှာ ကျွန်တော် WTO ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်တာ ၇ နှစ်ပြည့်တော့မှာပါ။ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၃၁ ရက်မှာ လက်ရှိရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်တော့်ရဲ့ ဒုတိယသက်တမ်းကတော့ တစ်နှစ်တိတိကျန်ပါသေးတယ်” ဟု ၎င်းက မေ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ပြောကြားထားသည်။

“ဒီဆုံးဖြတ်ချက်ကို ကျွန်တော် လွယ်လွယ်နဲ့ချခဲ့တာတော့မဟုတ်ပါဘူး။  အသွားအလာကန့်သတ် ပိတ်ဆို့ထားချိန်နဲ့ မကြာသေးမီက ကျွန်တော်ရဲ့ဒူးခေါင်းခွဲစိတ်ထားချိန်တွေမှာ ကျွန်တော် အချိန်အတော်ကြာ စဉ်းစားခဲ့ပါတယ်” ကျွန်တော့်မိသားစုနဲ့ အကြာကြီးဆွေးနွေးပြီးတော့ ဒီဆုံးဖြတ်ချက်ကို ချခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းသည် တစ်ကိုယ်ရည်နှင့် မိသားစု၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ ယင်းဆုံးဖြတ်ချက်က WTO အဖွဲ့၏ အကောင်းဆုံးအကျိုးစီးပွားများကို ဖြစ်စေမည်ဟု ယုံကြည်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.