Connect with us

International Organizations

ကမ္ဘာ့နိုင်ငံနှင့်ဒေသပေါင်း ၁၀၀ ကျော်ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေကြောင်း WHO ပြော

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ နှာခေါင်းစည်းတပ်ဆင်၍ သွားလာနေသူများကို တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ မတ် ၉ ရက်(ဆင်ဟွာ)

မတ် ၈ ရက် နံနက်ပိုင်းအထိ ကမ္ဘာ့နိုင်ငံ နှင့် ဒေသပေါင်း ၁၀၁ ခုတွင် COVID-19 အတည်ပြုလူနာတွေ့ရှိသည်ဆိုသည့် သတင်းပေးပို့မှုများ လက်ခံရရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) မှ ပြောရေးဆိုခွင့်ရှိသူ Fadela Chaib က ဆင်ဟွာသို့ ပြောကြားခဲ့သည်

။ကမ္ဘာတစ်ဝန်းတွင် မတ် ၈ ရက် ဗဟိုဥရောပစံတော်ချိန် ၆ နာရီအထိ အတည်ပြုလူနာ စုစုပေါင်း ၁၀၅,၄၂၇ ဦး လက်ခံရရှိခဲ့ကြောင်း နှင့် ယင်းတို့အနက် ၃,၅၈၃ ဦး သေဆုံးခဲ့ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။မတ် ၈ ရက် ညနေပိုင်းတွင် ထုတ်ပြန်သော အစီရင်ခံစာအရ ကာကွယ်ရေး နှင့်ထိန်းချုပ်ရေးကို တိုးမြင့်ဆောင်ရွက်နေစဉ်အတွင်းမှာပင် ကမ္ဘာတစ်ဝန်းတွင် COVID-19 ရောဂါဖြစ်ပွားသူ တစ်သိန်းကျော်အထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံ နှင့် အခြားသော နိုင်ငံများသည် ဗိုင်းရပ်စ်ပျံ့နှံ့မှုအား နှေးကွေးစေရန် ကြိုးပမ်းအားထုတ်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း နှင့် ထိုသို့လျော့နည်းစေသည့် အားထုတ်မှုသည် တစ်မ္ဘာလုံးဆိုင်ရာ ဆောင်ရွက်မှုအတွက် အကျိုးသက်ရောက်မှုများစွာ ရှိခဲ့ကြောင်း WHO က ဆိုသည်။၎င်းအားထုတ်မှုများတွင် လူနာများကို အတည်ပြုခြင်း ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ၊ လူနာနှင့် ထိတွေ့ဆက်ဆံခဲ့သူများအား ရှာဖွေဖော်ထုတ်ခြင်း ၊ လူနာများအတွက် ဆေးရုံနှင့်ဆေးခန်းများ ကြိုတင်ပြင်ဆင်ခြင်း နှင့် ကျန်းမာရေးဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးခြင်းများ ပါဝင်ကြောင်း သိရသည်။

WHO အဖွဲ့ကြီးက ဗိုင်းရပ်စ်ပျံ့နှံ့မှု နှေးကွေးစေရန် နှင့် ထိန်းချုပ်နိုင်ရန် ကျန်းမာရေးစနစ်အတွက် အချိန်ယူရမည်ဖြစ်ကြောင်း နှင့် သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းအားလုံးအနေဖြင့် ကြိုတင်ပြင်ဆင်မှု ၊ ထိရောက်မှုရှိသော သုတေသနပြုမှု နှင့် ကာကွယ်ဆေးဝါးထုတ်လုပ်မှုတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း အသိပေးပြောကြားသည်။(Xinhua)