Connect with us

International Organizations

တရုတ်နိုင်ငံမှ အဆိုပြုကျင်းပသော ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆွေးနွေးပွဲ ကုလသမဂ္ဂ နိုင်ငံပေါင်းစုံမှ ထောက်ခံမှု ရရှိ

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (Wang Yi) ကုလသမဂ္ဂ ဆွေးနွေးပွဲတွင် နာယက အဖြစ် တာဝန်ထမ်းဆောင်စဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် အဆိုပြုကျင်းပသော ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆွေးနွေးပွဲကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း (Ban Ki-Moon) နှင့် နိုင်ငံအသီးသီးမှ ကုလသမဂ္ဂ ကိုယ်စားလှယ်များက တက်ရောက်ခဲ့ပြီး ကုလသမဂ္ဂ နှစ် (၇၀) ပြည့်ချိန်တွင် ထိုအဆိုပြု အစည်းအဝေး ခေါင်းစဉ်သည် ခေတ်ကာလအချိန်နှင့် ကိုက်ညီပြီး လွန်စွာအရေးကြီးကြောင်း ပြောကြားခဲ့ကြသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (Wang Yi) မှာလည်း ဖေဖော်ဝါရီ ၂၃ ရက်တွင် နယူးရောက်ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့်လုံခြုံရေး ဆိုသည့် ခေါင်းစဉ်ဖြင့် တံခါးဖွင့် ဆွေးနွေးပွဲကို နာယကအဖြစ် ကြီးမှူးဆောင်ရွက် ခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း သည် ကုလသမဂ္ဂ ဖွဲ့စည်းခဲ့သည့် နှစ် (၇၀) ပြည့်ချိန်တွင် တရုတ်နိုင်ငံမှ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းတွင် ကတိပြုခဲ့ခြင်းကို ခေါင်းစဉ်ပြု၍ ဆွေးနွေးရန် အဆိုပြုခဲ့ခြင်းအပေါ် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ၏ အဓိက ရည်ရွယ်ချက်မှာ ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး၊ စစ်ဘက်ဆိုင်ရာ သဘောထားကွဲလွဲ မှုကြောင့် တိုက်ခိုက်မှု မဖြစ်ပွားရေးနှင့် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးတို့ ဖြစ်ကြောင်း၊ စာတမ်း၌ ပါဝင်သော အချက်အလက်များသည် ယခုချိန်ထိတိုင် လူသားအားလုံးတို့၏ တန်ဖိုးထားပြီး လိုလားသောအရာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း သည် အသက်ဝင်သော စာတမ်းတစ်ခုဖြစ်ပြီး ကျွန်တော်တို့ အတွက် လမ်းပြရုံ သက်သက် မဟုတ်ဘဲ သံလိုက်အိမ်မြှောင်သဖွယ် ဖြစ်ကြောင်း ၊ စာတမ်းတွင် ပါဝင်သော စည်းကမ်းချက်များသည် အချိန်ကာလ၏ စစ်ဆေးမှုကို ကျော်လွှားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးမှ မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံမှ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်း အတွက် ကျေးဇူးတင်ကြောင်း ဤခေါင်းစဉ်သည် လူအများ စိတ်ဝင်စားသော ခေါင်းစဉ်တစ်ခုဖြစ်ပြီး ကမ္ဘာ့ ဖက်ဆစ်ဆန့် ကျင်ရေး တိုက်ပွဲ၏ အောင်မြင်မှုရလဒ် တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်း၏ အခြေခံအုတ်မြစ် လည်း ဖြစ်ကြောင်းပြောကြားခဲ့သည်။

စပိန် နိုင်ငံခြားရေးဝန်ကြီး Ignacio Ibanez က မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အတွက် တင်ပြသော စာတမ်းသည် ရှင်းလင်းမှု၊ ကြိုးစားအားထုတ်မှု နှင့် ရဲရင့်မှုတို့ကို တွေ့ရှိ ရကြောင်း၊ ထို့ပြင် ငြိမ်းချမ်းရေး ၊ လုံခြုံရေး နှင့် အတူတကွ ဖွံဖြိုးတိုးတက်ရေး စသည့် အကြောင်းအရာများကိုလည်း ယခုဆွေးနွေးပွဲမှ ရှုထောင့်သစ်များ ရရှိကြောင်း ပြောကြားခဲ့သည်။

ထိုနေ့ဆွေးနွေးပွဲတွင် နိုင်ငံပေါင်း (၈၀) ကျော်မှ ကိုယ်စားလှယ်များ မိန့်ခွန်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂ၏ သမိုင်း ကြောင်း ကိုပြန်လည်ပြောကြားခဲ့ပြီး၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ပါ အချက်အလက် များကို ဆက်လက်လိုက်နာသွား မည်ဖြစ်ပြီး ရှုထောင့်မျိုးစုံမှ အမြင်များကိုပြော ကြားခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.