Connect with us

International Organizations

ကမ္ဘာ့ကုလသမ္မဂ (UN) ၏၂၀၁၅ အစီစဉ်တွင် လုံခြုံရေး၊ ဖွံ့ဖြိုးရေးနှင့် လူ့အခွင့်အရေး စသည်တို့ကို အာရုံစိုက်မည်ဟု ကြေငြာ

ကုလသမၼဂLogo

ကုလသမၼဂLogo

ကမ္ဘာ့ကုလသမ္မဂ ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကုလသမ္မဂအဖွဲ့(UN) ၏၂၀၁၅ ခုနှစ်ကြေငြာချက်တွင် အများနှင့်ဆိုင်သည့် လုံခြုံရေးကိစ္စ ရပ်များ ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်ရေးဆိုင်ရာ ကိစ္စရပ်များကို အာရုံစိုက် လုပ်ဆောင်မည်ဖြစ်ကြောင်း UN ၏ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက ဇန်နဝါရီ ၂၀ ရက်နေ့တွင် ပြောကြားသည်။

လူထုကိုအခြေပြုလုပ်ဆောင်မည်ဟု Ban က UN ၏ အထွေထွေ အစည်းအဝေးဖွင့်ပွဲတွင် ပြောကြား ခဲ့သည်။

၎င်း၏ အနာဂတ် အစီအစဉ်တွင် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ ရှိမည်ဟု သူက ပြောကြားခဲ့သည်။

UN အဖွဲ့ဝင် နိုင်ငံများအနေဖြင့် ဆင်းရဲမှု ပပျောက်ရေး ၊ ငြိမ်းချမ်းရေး၊ ကြွယ်ဝမှုများဝေမျှရေး လုပ်ဆောင်နိုင်ပြီး အတူတကွ ဟန်ချက်ညီညီ နေထိုင်နိုင်ပြီးနောက် တစ်ဦးတစ်ယောက်မကျန် အကျိုးကျေးဇူး ခံစားနိုင်စေရန်အထိ ရည်မှန်းချက် ကြီးကြီးမှန်းထားကြောင်း အလေးနက်ထား ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.