Connect with us

International Organizations

၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ စီးပွားရေး ၃.၅ ရာခိုင်နှုန်း တိုးတက်မည်ဟု IMF ပြောကြား

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဦးဆောင်ညွှန်ကြားရေးမှူး Christine Lagarde (အလယ်) ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ တက်ရောက်နေစဉ် (Xinhua)

ဝါရှင်တန် ၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ စီးပွားရေးသည် ခန့်မှန်းခြေ ၃.၅ ရာခိုင်နှုန်း တိုးတက်လာမည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) က ဧပြီလ (၁၄) ရက်တွင် ပြောကြားသည်။

၂၀၁၆ ခုနှစ်တွင် ၃.၈ ရာခိုင်နှုန်းအထိ ပြန်လည် တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။

ရေနံ ဈေးနှုန်းများ ကျဆင်းခြင်း၊ ထိုက်သင့်သော ဘဏ္ဍာရေး ထိန်းညှိမှုနှင့် ငွေရေးကြေးရေး မူဝါဒတို့ကြောင့် ၂၀၁၅ ခုနှစ်တွင် အမေရိကန်၏ စီးပွားရေး ၃.၁ ရာခိုင်နှုန်း တိုးတက်မည် ဟု ခန့်မှန်းထားကြောင်း IMF ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယူရိုငွေ သုံးစွဲသော နိုင်ငံများတွင် ရေနံဈေးနှုန်းများ ကျဆင်းခြင်း၊ အတိုးနှုန်းများ ကျဆင်းခြင်းနှင့်၊ ယူရိုငွေတန်ဖိုး လျှော့ချခြင်းတို့ကြောင့် စီးပွားရေး ပြန်တက်လာဖွယ် ရှိကြောင်း၊ အလားတူပင် ဂျပန်နိုင်ငံတွင်လည်း ဂျပန်ယန်းငွေ တင်ဖိုး လျှော့ချခြင်းနှင့် ရေနံဈေး ကျဆင်းခြင်း တို့ကြောင့် စီးပွားရေး ပြန်တက်နိုင်ကြောင်း ခန့်မှန်းထားသည်။

၂၀၁၅ ခုနှစ်တွင် တရုတ် နိုင်ငံ စီးပွားရေး ၆.၈ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားပြီး ၂၀၁၆ ခုနှစ် တွင် ၆.၃ ရာခိုင်နှုန်း တိုးတက်လာမည်ဟု တွက်ဆ ထားသည်။ ပြီးခဲ့သည့် နှစ်တွင် တရုတ် နိုင်ငံ၌ စီးပွားရေး ၇.၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ (Xinhua)