Connect with us

International Organizations

နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ က အီရန် နိုင်ငံ အနေဖြင့် သဘောတူညီချက် အား လိုက်နာနေဆဲ ဖြစ်ကြောင်း ထုတ်ပြန်

နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ (IAEA) တွင် အစည်းအဝေး ကျင်းပ နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဗီယင်နာ ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ (IAEA) က သြဂုတ်လ ၃၀ ရက် ၌ အီရန် နိုင်ငံ အနေဖြင့် လက်ရှိချိန်ထိ အီရန် နျူကလီးယား အရေး ဘက်စုံသဘောတူညီမှုစာချုပ် အား လိုက်နာနေဆဲ ဖြစ်ကြောင်း နှင့် IAEA နှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်ဆောင်ရွက်နေကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

ထုတ်ပြန်ကြေညာချက်အရ အီရန် နိုင်ငံ အနေဖြင့် လက်ရှိချိန်ထိ သဘောတူညီချက် တွင် ပါဝင် သည့် ကန့်သတ်ချက်များ ကို ကျော်လွန်၍ နျူကလီးယား သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်း မရှိကြောင်း နှင့် ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဆက်လက် ထိန်းသိမ်းထားကြောင်း သိရှိရသည်။

အီရန် နိုင်ငံ အနေဖြင့် ၂၀၁၅ ခုနှစ် ဇူလိုင်လ တွင် အီရန် နျူကလီးယား အရေး ဘက်စုံသဘောတူညီမှုစာချုပ် အား လက်မှတ်ရေးထိုးခဲ့ပြီး IAEA အနေဖြင့် အီရန် နိုင်ငံ မှ သဘောတူညီချက်အား လိုက်နာမှု အခြေအနေ အား စစ်ဆေးရန် တာဝန်ယူ ခဲ့သည်။ IAEA အနေဖြင့် အီရန် နိုင်ငံ နှင့် ပတ်သက်၍ ကြေညာချက် အကြိမ်ကြိမ် ထုတ်ပြန်ခဲ့ပြီး သဘောတူညီချက်အား လိုက်နာ ခဲ့ကြောင်း သိရှိရသည်။

သို့သော် အမေရိကန် နိုင်ငံ အနေဖြင့် ယခုနှစ် မေလ ၈ ရက် တွင် သဘောတူညီချက် မှ နုတ်ထွက်ကြောင်း တဖက်သက် ကြေညာချက် ထုတ်ပြန် ခဲ့ပြီး အီရန် နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှုများ ပြန်လည် ဆောင်ရွက်ခဲ့သည်။

သြဂုတ်လ ၇ ရက် တွင်လည်း အမေရိကန် နိုင်ငံ အနေဖြင့် အီရန် နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာလ ၅ ရက် တွင်လည်း ကျန်ရှိနေသည့် ပိတ်ဆို့အရေးယူမှုများ ထပ်မံပြုလုပ်မည် ဖြစ်ကြောင်း ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.