Connect with us

International Organizations

ဖွံ့ဖြိုးဆဲ နိုင်ငံ များ နိုင်ငံတကာ အသိုင်းအဝိုင်း တွင် ပြောဆိုခွင့် ရရှိရန် အတွက် တရုတ် နိုင်ငံ ကူညီခဲ့ ဟု G 77 အရာရှိ ပြောကြား

G 77 အစည်းအဝေး ကျင်းပ ပြုလုပ်နေသည် ကို မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဗီယင်နာ ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

G 77 အဖွဲ့အစည်း ဗီယင်နာ ဌာနခွဲ ဥက္ကဋ္ဌ ဟာဒီဗာ က တရုတ် နိုင်ငံ ၏ G 77 အဖွဲ့အစည်း အား ထောက်ခံ အားပေးခြင်း သည် ဖွံ့ဖြိုးဆဲ နိုင်ငံ များ က ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ် များတွင် မိမိ တို့၏ သဘောထား အမြင်များ ပြောဆိုခွင့် ရရှိစေခဲ့ကြောင်း ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့သည်။

ဗီယင်နာ မြို့ တွင် G 77 ထူထောင်ခြင်း နှစ် ၂၀ ပြည့် အခမ်းအနား ကျင်းပစဉ် အတွင်း ဟာဒီဗာ က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို ဖြေကြားခဲ့ခြင်း ဖြစ်ပြီး ၎င်း က G 77 ထူထောင် ခဲ့ပြီး နောက်ပိုင်း တွင် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး အခင်းအကျင်း မှာ ကြီးမားသည့် ပြောင်းလဲမှု ဖြစ်ပေါ်လာ ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ သည် လက်ရှိတွင် နိုင်ငံတကာ ကိစ္စရပ်များတွင် အရေးပါသည့် အခန်း ကဏ္ဍ သို့ ရောက်ရှိနေပြီး ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ က G 77 ၏ အလွန် အရေးပါသော မဟာမိတ် နိုင်ငံ ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ သည် G 77 အပေါ် များစွာ ကူညီထောက်ပံ့ပေး ခဲ့ပြီး G 77 နှင့် တရုတ် နိုင်ငံ အကြား ပူးပေါင်း ဆောင်ရွက်မှု မှာလည်း ကောင်းမွန်ချောမွေ့စွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း ၊ G 77 အနေဖြင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ ကို အစဉ်အမြဲ ထိန်းသိမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

G 77 အဖွဲ့အစည်း အား ၁၉၆၄ ခုနှစ် တွင် ဂျီနီဗာ တွင် စတင် ထူထောင် ခဲ့ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများ ၏ နိုင်ငံတကာ အဖွဲ့အစည်း နှင့် နိုင်ငံတကာ ကိစ္စရပ် များ အတွက် ညှိနှိုင်းဆောင်ရွက်သော အရေးပါသည့် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ ၁၉၉၈ ခုနှစ် တွင် ဗီယင်နာ တွင် ဌာနခွဲ စတင် ဖွင့်လှစ် ခဲ့သည်။ တရုတ် နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် “G 77 + China” ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ် ခဲ့ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံ များ အတွက် တန်းတူညီမျှသည့် အခွင့်အရေး ရရှိရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.