Connect with us

International Organizations

ဗင်နီဇွဲလားနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်မည်ဟု တရုတ်သံအမတ်ကြီး ကတိပြု

တရုတ်နိုင်ငံမှ ထောက်ပံ့ကူညီရေးပစ္စည်များတင်ဆောင်လာသော လေယာဉ် ဗင်နီဇွဲလားနိုင်ငံသို့ ဆိုက်ရောက်လာစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာတရုတ်အမြဲတမ်းကိုယ်စားလှယ်က တရုတ်နိုင်ငံအနေဖြင့် ဗင်နီဇွဲလားနိုင်ငံနှင့်အတူပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧပြီ ၁ဝ ရက်တွင်ပြောကြားခဲ့သည်။

“ တရုတ်နိုင်ငံဟာ နှစ်နိုင်ငံပြည်သူတွေရဲ့ ဘဝနေထိုင်မှုပိုမိုကောင်းမွန်စေရေးအတွက် တန်းတူညီမျှမှု နဲ့ အပြန်အလှန်အကျိုးစီးပွားဖော်ဆောင်မှု ၊ နှစ်ဖက်အပြန်အလှန်လေးစားမှု အခြေခံစည်းမျဉ်းစည်းကမ်းအပေါ်အခြေခံပြီး ဗင်နီဇွဲလားနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏အမြဲတမ်းကိုယ်စားလှယ် Ma Zhaoxu က ဗင်နီဇွဲလားအရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယာယီအခက်အခဲများကြုံတွေ့နေရသည့် ပြည်သူများကို ကူညီရန် တရုတ်နိုင်ငံအနေဖြင့် ဗင်နီဇွဲလားအတွက် အရေးပေါ်စားနပ်ရိက္ခာများကို ထောက်ပံ့ကူညီသွားရန် ဆုံးဖြတ်ထားကြောင်း Ma က ဆိုသည်။

အဆိုပါ အထောက်အပံ့များကို ဗင်နီဇွဲလားသို့အသုတ်လိုက်ပို့ဆောင်ပေးနေကြောင်း ၊ မတ် ၂၉ ရက်တွင် ပထမသုတ်အနေဖြင့် ဆေး နှင့် ဆေးဝါးဆိုင်ရာ ထောက်ပံ့ကူညီရေးပစ္စည်းများကို ဗင်နီဇွဲလားနိုင်ငံအစိုးရဆီသို့ပေးပို့ခဲ့ကြောင်း ၎င်းကဆိုသည်။

တရုတ်နိုင်ငံမှ ဗင်နီဇွဲလားနိုင်ငံသို့ ပေးပို့သော အကူအညီများသည် နိုင်ငံခြားအကူအညီများအတွက် ကာလရှည်ပေးပို့ရသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း ပေးပို့ခဲ့ခြင်းဖြစ်သည်။ ယင်းအကူအညီများသည် ပြင်ပမှဝင်ရောက်စွက်ဖက်ခြင်မှုများနှင့် ပိတ်ဆို့မှုများကြောင့် အနုတ်လက္ခဏာ သက်ရောက်မှုများဖြင့်ကြုံတွေ့နေရသည့် ဗင်နီဇွဲလားပြည်သူများကျော်လွှာနိုင်ရန် အတွက် ဖြစ်ကြောင်း နှင့် မည်သည့် နိုင်ငံရေးအခြေအနေများအရ အစွဲအလမ်းများမပါဝင်ကြောင်း တရုတ်သံအမတ်ကြီး ကဆိုသည်။(Xinhua)