Connect with us

International Organizations

ဘိုးရင်း ၇၃၇ မက်စ်(Boeing 737 Max) လေယာဉ်များအားပြင်ဆင်မှုပိုမိုပံ့ပိုးပေးနိုင် ရေးဆောင်ရွက်သွားမည်

၂၀၁ရ ခုနှစ်၊ဇွန်လက ပဲရစ်မြို့လေကြောင်းပြပွဲတွင် ပျံသန်းပြသနေသော ဘိုးရင်း ၇၃၇ မက်စ် လေယာဉ်တစ်စီးအားတွေ့ရစဉ်။(ဓါတ်ပုံ---ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ဧပြီလ ၆ ရက်(ဆင်ဟွာ)

ဘိုးရင်းလေယာဉ်ထုတ်လုပ်ရေး ကုမ္မဏီကြီး၏ အမှုဆောင်အရာရှိချုပ် ဒန်းနစ်မျူလန်ဘာ့ဂ်(Dennis Muilenburg) က ဘိုးရင်းကုမ္ပဏီအနေဖြင့် လေယာဉ်ပျက်ကျမှုများကြောင့်ကမ္ဘာတစ်ဝန်းပျံသန်းမှု ရပ် တန့်ထားရသော ဘိုးရင်း ၇၃၇ မက်စ်(Boeing 737 Max) လေယာဉ်များအားပြင်ဆင်မှုပိုမိုပံ့ပိုးပေးနိုင် ရန် ဧပြီလဆန်းမှစ၍ ဘးိုရင်း ၇၃၇ လေယာဉ်များလစဉ်ထုတ်လုပ်မှု ကို လျှော့ချသွားမည်ဖြစ်ကြောင်း ဧပြီလ ၅ ရက်ကပြောကြားခဲ့သည်။

၎င်းက “ကျွန်တော်တို့အနေနဲ့ ဘိုးရင်း ၇၃၇ မက်စ် လေယာဉ်များဖြန့်ဖြူးမှုရပ်နားထားရတဲ့အပေါ်အ လေးထားဆောင်ရွက်နိုင်ဖို့ ဘးိုရင်း ၇၃၇ လေယာဉ်တွေထုတ်လုပ်မှုစနစ်ကိုလည်း ပြန်လည်ညှိနှိုင်းမှု ပြုသွားရမှာပါ” ဟုပြောကြားခဲ့သည်။သို့မှသာ ကုမ္ပဏီအနေဖြင့် ဘိုးရင်း ၇၃၇ မက်စ် လေယာဉ်များ၏ ဆော့ဝဲလ်များပြန်လည်ပြင်ဆင်ရေးဦးစားပေးနိုင်မည်ဖြစ်ကာ ထိုလေယာဉ်များအမြန်ဆုံးပြန်လည်ပျံ သန်းနိုင်မည်ဖြစ်ကြောင်း၎င်းကဆိုခဲ့သည်။ ဘးိုရင်း ၇၃၇ လေယာဉ်များ အားလစဉ်ထုတ်လုပ်မှု ၅၂ စီး မှ ၄၂ စီးသို့ ဧပြီလလယ်မှစ၍လျှော့ချသွားရန် ကုမ္ပဏီကဆုံးဖြတ်ထားကြောင်းလည်းသိရသည်။

ဘိုးရင်းကုမ္ပဏီထုတ် ဘိုးရင်း ၇၃၇ မက်စ် လေယာဉ် များအနက် Indonesian Lion Air လေကြောင်း လိုင်းနှင့် အီသီယိုးပီးယားလေကြောင်းလိုင်း Ethiopian Airlines ပိုင်လေယာဉ်နှစ်စင်းမှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၉ ခုနှစ်မတ်လ အတွင်းတို့ကပျက်ကျခဲ့ကြရာ လူ ၃၄၆ ဦးသေဆုံးခဲ့သည်။ ဒန်းနစ်မျူလန်ဘာ့ဂ် က ပျက်ကျမှုနှစ်ခုစလုံးတွင် ဘိုးရင်း ၇၃၇ မက်စ် လေယာဉ်များ၏ဆော့ဝဲလ်ချွတ် ယွင်းမှုကြောင့် ဒေတာအချက်အလက်မှားယွင်းမှုများကြောင့်ဖြစ်ကြောင်းဝန်ခံပြောကြားခဲ့သည်။

ထိုလေယာဉ်ပျက်ကျမှုနှစ်ခုအပြီးတွင်ကမ္ဘာတစ်ဝန်းရှိလေကြောင်းလိုင်းများက၎င်းတို့အသုံးပြုနေသော ဘိုးရင်း ၇၃၇ မက်စ် လေယာဉ်များ အားလုံးကို ပျံသန်းမှုရပ်ဆိုင်းခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.