Connect with us

International Organizations

ကုလသမဂ္ဂ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် အဖြစ် Amina Mohammed ကျမ်းကျိန်

ကမ္ဘာ့ ကုလသမဂ္ဂ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် Amina Mohammed အားတွေ့ ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ မတ် ၁ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး(ဟောင်း) Amina Mohammed သည် ဖေဖော်ဝါရီလ ၂၈ ရက်က ကမ္ဘာ့ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တရားဝင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က Amina အနေဖြင့် ရာထူးလက်ခံလိုက်ခြင်းအပေါ် အလွန်အမင်းဝမ်းမြောက်ရပါကြောင်း နှင့် ဂုဏ်ယူရပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၂၈ ရက် နံနက်ပိုင်းက သတင်းသမားများနှင့်တွေ့ဆုံစဉ် Mohammed က ကုလသမဂ္ဂဌာနချုပ်မှနေ၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထွေထွေအတွင်းရေးမှူးချုပ်ကို ကူညီပေးသွားရန် ကနဦး အာရုံစိုက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်း၏ပထမဆုံး ပေါင်းစပ်ညှိနှိုင်းမှုတစ်ခုအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်ခြင်းဆိုင်ရာ တစ်စိတ်တစ်ပိုင်းဖြစ်သော ၂ဝ၁၇ ခုနှစ် စီးပွားရေး နှင့် လူမှုရေးကောင်စီ ( ECOSOC) ကို ဖွင့်လှစ်ကြောင်း Mohammed က ကြေညာခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် နှင့် လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် တို့အားတွေ့ရစဉ် (ဆင်ဟွာ)

Mohammed သည် ယခင်တာဝန်ထမ်းဆောင်ခဲ့သော နိုင်ဂျီးရီးယားဖက်ဒရယ်အမှုဆောင်ကောင်စီမှ ဖေဖော်ဝါရီလ ၂၄ ရက်တွင် နုတ်ထွက်ခဲ့သည်။ ၎င်းသည် ၂ဝ၁၅ ခုနှစ်အလွန် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွင် အဓိက ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပြီး ယခင်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ၂ဝ၁၅ ခုနှစ်အလွန် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွင် အထူးအကြံပေးအဖြစ် တာဝန်ယူခဲ့သူ တစ်ဦးဖြစ်သည်။

၎င်းသည် ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် အာဖရိက အမျိုးသမီးများထဲမှ ဒုတိယမြောက် ရွေးချယ်တင်မြှောက်ခြင်းခံရသူဖြစ်သည်။ ပထမဦးဆုံးတစ်ယောက်မှာ ဘန်ကီမွန်း လက်အောက်တွင် ၂ဝဝ၇ ခုနှစ် မှ ၂ဝ၁၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် တန်ဇန်းနီးယားနိုင်ငံသူ Asha-Rose Migiro ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.