Connect with us

International Organizations

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အငတ်ဘေး ကြုံတွေ့နေရသည့် နိုင်ငံ ၄ နိုင်ငံ အတွက် ကူညီထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၄.၄ ဘီလီယံ လိုအပ်နေကြောင်း ပြောကြား

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ကူတာရက်စ် အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ကူတာရက်စ် က တောင်ဆူဒန် ၊ ဆိုမာလီယာ ၊ ယီမင် နှင့် နိုင်ဂျီးရီးယား စသည့် နိုင်ငံ ၄ နိုင်ငံ ရှိလူပေါင်း သန်း ၂၀ ကျော်သည် အငတ်ဘေး နှင့် ကြုံတွေ့နေရပြီး ကူညီထောက်ပံ့ရန် အတွက် အမေရိကန် ဒေါ်လာ ၄.၄ ဘီလီယံ အရေးပေါ် လိုအပ် နေကြောင်း ကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပြောကြား ခဲ့သည်။

ကူတာရက်စ် က အမေရိကန် နိုင်ငံ နယူးယောက် တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တွင် တောင်ဆူဒန် နိုင်ငံ ရှိဒေသ အချို့တွင် အငတ်ဘေးကြုံတွေ့နေရပြီး လူပေါင်း ၅ သန်းခန့် အရေးပေါ် စားနပ်ရိက္ခာ လိုအပ်နေကြောင်း ၊ နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်း တွင် လူပေါင်း ၅.၁ သန်းခန့် စားနပ်ရိက္ခာ ပြတ်လပ်မှု ကို ဆိုးရွားစွာ ရင်ဆိုင်နေရပြီး ထိုအတွင်း မှ ၅ သိန်းခန့်မှာ ကလေးငယ်များ ဖြစ်ကြကာ အဟာရ ချို့တဲ့မှု ကို ခံစားနေရကြောင်း ပြောကြား ခဲ့သည်။

ဆိုမာလီယာ နိုင်ငံ တွင် အစားအသောက် ကုန်ဈေးနှုန်း အဆက်မပြတ် မြင့်တက် လာခဲ့ပြီး ယခု နှစ် တွင် အာဟာရ ချို့တဲ့သည့် ၅ နှစ်အောက် ကလေးငယ် ၁ သန်းခန့်ရှိကြောင်း ၊ ယီမင် နိုင်ငံတွင်လည်း ကမ္ဘာ့အဆိုးရွားဆုံးသော စားနပ်ရိက္ခာ ထောက်ပံ့မှု အခက်အခဲ ကို ကြုံတွေ့နေရပြီး လူပေါင်း ၇.၃ သန်းခန့် အရေးပေါ် ကူညီထောက်ပံ့မှု များလိုအပ်နေကြောင်း ကူတာရက်စ် ကပြောကြား ခဲ့သည်။

ထို့ပြင် ကူတာရက်စ် က ကုလသမဂ္ဂ အနေဖြင့် ရေရှည်ဖြေရှင်းနိုင်သည့် နည်းလမ်း ကိုဆောင်ရွက်နေပြီး လက်ရှိချိန်တွင် အဓိက ရင်ဆိုင်နေရသည့် ပြဿနာ မှာ ငွေကြေး မလုံလောက်မှု ဖြစ်နေကြောင်း ၊ မတ်လကုန် မတိုင်မှီ အမေရိကန် ဒေါ်လာ ၄.၄ ဘီလီယံ ရရှိမှသာ အထက်ပါ ၄ နိုင်ငံ ၏ အငတ်ဘေး ကိုဖြေရှင်း နိုင်မည် ဖြစ်ကြောင်း ၊ ယခုနှစ်အတွက် အထက်ဖော်ပြပါ ၄ နိုင်ငံ အတွက် ကူညီထောက်ပံ့ရန် လိုအပ်သည့် ငွေပမာဏ မှာ ၅.၆ ဘီလီယံ ဖြစ်ပြီး လက်ရှိချိန်ထိ လက်ခံရရှိထားသည့် ကူညီထောက်ပံ့ငွေ မှာ အမေရိကန် ဒေါ်လာ သန်း ၉၀၀ သာ ရှိသေးကြောင်း ပြောကြား ခဲ့သည်။

ကူတာရက်စ် က အငတ်ဘေး ဖြစ်ပွား ခဲ့ရသည့် အဓိက အကြောင်းအရင်း မှာ တိုက်ပွဲ ဖြစ်ပွားသောကြောင့် ဖြစ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေကြေသည့် သက်ဆိုင်ရာ အသီးသီး အနေဖြင့် ကူညီထောက်ပံ့ရေး အဖွဲ့တို့အား အပြည်ပြည်ဆိုင်ရာ ဥပဒေ နှင့်အညီ ထောက်ပံ့ရေး လမ်းကြောင်း ရရှိအောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ၊ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းအနေဖြင့် လည်း တိုက်ပွဲများ ပြီးဆုံးချိန်တွင် ကူညီထောက်ပံ့မှုများ ပေးအပ်ရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.