Connect with us

Latin America

ဗင်နီဇွဲလားနိုင်ငံ၌ ပြင်းအား ၇.၃ အဆင့်ရှိ ငလျင်လှုပ် ၊ ဆူနာမီသတိ ပေးချက်ထုတ်ပြန်ထားခြင်းမရှိသေး


ကာရာကပ်စ် ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ အရှေ့မြောက်ကမ်းရိုးတမ်း၌ သြဂုတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် ပြင်းအား ၇.၃ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း နှင့် ထိခိုက်သေဆုံးမှု ရှိမရှိကို ချက်ချင်းသတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

ဗင်နီဇွဲလား ငလျင်သုတေသနဖောင်ဒေးရှင်း(Funvisis) က ဒေသစံတော်ချိန် ညနေ ၅ နာရီ ၃၁ မိနစ် ( ဂရင်းနစ်စံတော်ချိန် ၂၁၃ဝ နာရီ) တွင် Sucre ပြည်နယ် Yaguaraparo မြို့၏ အရှေ့တောင်ဘက် ၁၉ ကီလိုမီတာ၌ ဗဟိုပြု၍ ငလျင်လှုပ်ခတ်ခဲ့ကြောင်း ဆိုသည်။

ငလျင်ဒဏ်ကို အနီးအနားဒေသများဖြစ်သော Nueva Esparta ၊ Monagas ၊ Bolivar ၊ Delta ၊ Amacuro ၊ Aragua နှင့် Carabobo စသည့် ပြည်နယ်များ သိရှိခံစားခဲ့ရပြီး ဗင်နီဇွဲလားနိုင်ငံမြို့တော်ကာရာကပ်စ်(Caracas) လည်း ခံစားခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး Nestor Reverol က ဆိုသည်။

မြို့တော်ရှိ အဆောက်အအုံများတွင် နေထိုင်ကြသူများကို ဘေးလွှတ်ရာသို့ပြောင်းရွှေ့ကြရန် တိုက်တွန်းထားကြောင်း သိရသည်။

အဆိုပါ အင်အားပြင်းငလျင်ကြောင့် နံရံများ ၊ လမ်းများ ပျက်စီးခဲ့ရပြီး အိမ်နီးချင်း ထရီနီဒတ် နှင့် တိုဘာဂိုးနိုင်ငံ အပြင် အတန်ပင်ဝေးကွားသည့် ကိုလံဘီယာနိုင်ငံ မြို့တော်ဘိုဂိုတာ (Bogota) မှပင် ငလျင်ဒဏ်ကို သိရှိခံစားခဲ့ရပြီး Bogota နိုင်ငံတကာလေဆိပ်ကိုလည်း ယာယီပိတ်ထားရကြောင်း သိရသည်။

ဗင်နီဇွဲလားနိုင်ငံအရှေ့မြောက်ကမ်းရိုးတန်းဒေသ၌ ငလျင်လှုပ်ခတ်စဉ် လမ်းမပေါ်သို့ထွက်ပြေးတိမ်းရှောင်ကြသော လူအုပ်ကြီးအားတွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ပစိဖိတ်ဆူနာမီသတိပေးချက်စင်တာ က ဆူနာမီဖြစ်နိုင်ကြောင်းအစောပိုင်းတွင် သတိပေးခဲ့သော်လည်း နောက်ပိုင်းတွင် ငလျင်ကြောင့် ဆူနာမီခြိမ်းခြောက်မှု မဖြစ်နိုင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

“ ယခုအချိန်ထိ သေဆုံးသူ စာရင်းကို မသိရသေးပါဘူး” ဟု ဝန်ကြီးက ရုပ်မြင်သံကြားမှ တဆင့်ပြောကြားခဲ့ပြီး မည်သည့်ပျက်စီးမှုအခြေအနေကိုမဆို အနီးကပ်စောင့်ကြည့်နေကြောင်း ၎င်းက ဆိုသည်။

“ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့စိတ်ရှည်ရှည်ရှိကြဖို့တိုက်တွန်းပါတယ်” ဟု Reverol က ဆိုသည်။

ဗင်နီဇွဲလားနိုင်ငံ ဗဟိုအစိုးရအနေဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် အနီးကပ်ဆက်သွယ်၍ လိုအပ်သော လမ်းညွှန်မှုများကို ကြိုးပမ်းဆောင်ရွက်နေကြောင်း ဝန်ကြီးက ဆိုသည်။

အမေရိကန်ဘူမိဗေဒတိုင်းတာရေး၏ ထုတ်ပြန်ချက်အရ ငလျင်မှာ ပြင်းအားရစ်တာစကေး ၇.၃ ရှိကြောင်း ၊ မြေပြင်အောက် အနက် ၁၂၃ ကီလိုမီတာ၌ ဗဟိုပြုကြောင်း သိရသည်။ ယခုငလျင်မှာ ၁၉ဝဝ ပြည့်နှစ်နောက်ပိုင်း ဗင်နီဇွဲလားနိုင်ငံ၌ လှုပ်ခတ်ခဲ့သည့် အင်အားအပြင်းထန်ဆုံ ငလျင်ဖြစ်ကြောင်းလည်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.