Connect with us

Latin America

အာဂျင်တီးနားနိုင်ငံ သမ္မတ အောက်တိုဘာလတွင် ရွေးကောက်ပွဲပြန်ဝင်ရန် ကြိုးပမ်း

အာဂျင်တီးနားနိုင်ငံ သမ္မတ မော်ရီစီယို မက်ခ်ရီအား တွေ့ရစဉ် (ဆင်ဟွာ)

ဗျူရိုအေးရိစ်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ သမ္မတ မော်ရီစီယို မက်ခ်ရီ (Mauricio Macri) သည် အောက်တိုဘာလတွင် ပြုလုပ်မည့် သမ္မတ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်းနေကြောင်း ပြည်ထဲရေး၊ ဆောက်လုပ်ရေးနှင့် အိုးအိမ် ဝန်ကြီး ရိုဂီလီယို ဖရီဂါရီယို (Rogelio Frigerio) က ဧပြီလ ၂ ရက်တွင် ပြောကြားလိုက်သည်။

“Cambiemos ပါတီရဲ့ သမ္မတလောင်းကတော့ ပြန်လည်ရွေးကောက်ခံမယ့် မော်ရီစီယို မက်ခ်ရီဖြစ်ပါတယ်” ဟု ဖရီဂါရီယိုက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

Cambiemos သည် ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့သည့် အာဂျင်တီးနား အလယ်-လက်ယာယိမ်း နိုင်ငံရေး မဟာမိတ်အဖွဲ့ဖြစ်သည်။

မက်ခ်ရီက ၎င်းအနေဖြင့် ရွေးကောက်ပွဲပြန်လည်ဝင်ရောက်ရန် ကြိုးစားနေကြောင်း ပြောကြားခဲ့သည်။ အာဂျင်တီးနားနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲအား အောက်တိုဘာလ ၂၇ ရက်တွင် ကျင်းပမည် ဖြစ်သည်။

America TV နှင့် တွေ့ဆုံမေးမြန်းစဉ် မက်ခ်ရီက နိုင်ငံက ရှေ့လျှောက် သယ်ဆောင်သွားရမှာက “ခက်ခဲတဲ့ အလုပ်တစ်ခု” ဖြစ်ကြောင်း၊ လုပ်ပိုင်ခွင့်အသစ်အတွက် ပြန်လည်ရွေးကောက်ပွဲဝင်ရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။

“ခရီးက စတင်နေပါပြီ။ ကျွန်တော် ပင်ပန်းနေပြီလို့ ဘယ်လိုလုပ်ပြောနိုင်မှာလဲ။ ဒါက ပြောင်းလဲဖို့ လိုချင်နေတဲ့ ပြည်သူတွေနဲ့အတူ လုပ်ဆောင်ရမယ့် တာဝန်တစ်ခု ဖြစ်ပါတယ်” ဟု မက်ခ်ရီက ပြောခဲ့သည်။

အာဂျင်တီးနားနိုင်ငံ အခြေခံဥပဒေအရ သမ္မတတစ်ဦးအား သက်တမ်းတစ်ခုလျှင့် လေးနှစ်စီဖြင့် သမ္မတ သက်တမ်း နှစ်ခုဆက်တိုက် တာဝန်ထမ်းဆောင်ခွင့်ပြုထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.