Connect with us

North America

ဆော်ဒီအာရေဗျနှင့် ဆက်ဆံရေးအခြေအနေ ဆိုးဝါးနေသော်လည်း ကနေဒါအနေဖြင့် မိမိ၏ သံတမန်ရပ်တည်ချက်များကို ပြောင်းလဲမည်မဟုတ်ဟုဆို

ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland က မီဒီယာများအား ပြန်လည်ဖြေကြား နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

အော့တဝါ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံနှင့် သံတမန်ဆက်ဆံရေးအခြေအနေ ဆိုးဝါးနေသော်လည်း ကနေဒါနိုင်ငံ အနေဖြင့် ရပ်တည်ချက်များကို ပြောင်းလဲမည်မဟုတ်ဟု ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland က သြဂုတ် ၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“ကျွန်မတို့ရဲ့နိုင်ငံခြားရေးမူဝါဒဟာ ကနေဒါနိုင်ငံရဲ့တန်ဖိုးကို မြှင့်တင်ဖို့ ထင်ဟပ်ဖို့ ပြည်သူတွေက လိုလားနေတယ်။ ကျွန်မတို့ကလည်း အဲဒီမူဝါဒတွေကို ဆက်လက်ကျင့်သုံးသွားမှာ ဖြစ်တယ်”ဟု Chrystia Freeland က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ဆော်ဒီအာရေဗျနိုင်ငံသည် ကနေဒါတွင် ပညာသင်ကြားနေသည့် ဆော်ဒီကျောင်းသား/သူ များကို ပြန်လည်ခေါ်ယူပြီး ဗြိတိန်၊သြစတြေးလျစသည့်နိုင်ငံများသို့ သွားရောက်ပညာသင်ရန် ပြောင်းရွှေ့ပေး ဖို့ ဆုံးဖြတ်ခဲ့သည်ဟု ကနေဒါ ရုပ်မြင်သံကြား၏ သြဂုတ် ၆ ရက်နေ့ ထုတ်လွှင့်ချက်များအရ သိရ သည်။ ကနေဒါ၏ပညာတော်သင်ကျောင်းသားအများစုမှာ ဆော်ဒီက ဖြစ်ကြောင်းသိရသည်။

ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာန က သြဂုတ်လ ၆ ရက် နံနက်ပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ ကနေဒါသည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည်ဟု အပြစ်တင်ပြောဆိုထားကြောင်း၊ ကနေဒါ သံအမတ်ကို ၂၄ နာရီအတွင်း ထွက်ခွာရန်တောင်းဆိုကြောင်းနှင့် ဆော်ဒီ သံအမတ်ကို လည်း ပြန်လည်ခေါ်ယူ မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ကနေဒါနိုင်ငံ၏ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းသစ်များ အားလုံးကို ပိတ်ဆို့ သွားမည်ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထား သည်။

ကြေညာချက်ထုတ်ပြန်သည့် ယင်းနေ့တွင် ဆော်ဒီအာရေဗျနိုင်ငံ၏ ပညာရေးဝန်ကြီးဌာန က ပညာတော်သင်ကျောင်းသားများကို ရွှေ့ပြောင်းမည်ဟုလည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက ဆေးကုသမှုခံယူသူများကိုလည်း ရွှေ့ပြောင်းမည်ဟုလည်းကောင်း၊ လေကြောင်းကုမ္ပဏီများက ကနေဒါသို့ ပျံသန်းသည့် ခရီးစဉ်များကို ဖျက်သိမ်းမည်ဟုလည်းကောင်း ကြေညာခဲ့သည်။ယခုကာလများအတွင်း ဆော်ဒီက လူ့အခွင့်အရေးလှုပ်ရှားသူများကို ဖမ်းဆီးထားရာ ထိုသူများအား ချက်ချင်းပြန်လွှတ်ပေးရန် တိုက်တွန်းကြောင်း ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း လွန်ခဲ့သောရက်သတ္တပတ်က လူမှုမီဒီယာတွင် ရေးသားခဲ့သည်။ (Xinhua)