Connect with us

North America

ထရမ့်က ပါရီမြို့တွင် ပူတင်နှင့်သီးသန့်တွေ့ဆုံဆွေးနွေးမည်မဟုတ်ဟု ဆို

အမေရိကန် သမ္မတ ထရမ့်နှင့် ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)

ယခုအပတ် တနင်္ဂနွေနေ့ ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပမည့် ပထမကမ္ဘာစစ်ပြီးဆုံးသည့် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်စဉ်ကာလအတွင်းတွင် ရုရှား သမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မည်မဟုတ် ကြောင်း အမေရိကန် သမ္မတ ထရမ့်က နိုဝင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါအထိမ်းအမှတ်အခမ်းအနားတွင် ၎င်းသည် သမ္မတ ပူတင်အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်များ နှင့် နေ့လည်စာအတူသုံးဆောင်မည်ဖြစ်သော်လည်း သမ္မတ ပူတင်နှင့် သီးသန့်တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည် မဟုတ်ဟု ထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

မကြာမီကျင်းပမည့် G 20 ထိပ်သီးဆွေးနွေးပွဲကာလအတွင်း ပူတင်နှင့် တွေ့ဆုံဆွေးနွေးဖွယ်ရှိကြောင်း ၊ထိုသို့ တွေ့ဆုံဆွေးနွေးရန်လည်း မျှော်လင့်ကြောင်း ထရမ့်က ဆိုသည်။

ရုရှား-အမေရိကန် နှစ်နိုင်ငံ သမ္မတတွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၁ ရက်တွင် ပါရီမြို့၌ ပြုလုပ်ပါက ပထမကမ္ဘာစစ်ပြီးဆုံးသည့် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို နိုင်ငံတကာ၏အာရုံစူးစိုက်မှုလျော့နည်းသွားမည် စိုးရိမ်ကြောင်း ပြင်သစ်က ဆိုသောကြောင့် နှစ်နိုင်ငံသမ္မတ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ လကုန် G20 ထိပ်သီးဆွေးနွေးပွဲကာလတွင် ပြုလုပ်ရန် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၇ ရက် အစောပိုင်းက ရုရှားသမ္မတ အကြံပေး Yuri Ushakov က မော်စကိုတွင်ပြောကြားခဲ့သည်။

ထရမ့်သည် ယခုလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ပြင်သစ်သို့သွားရောက်မည်ဖြစ်ပြီး နိုင်ငံတကာခေါင်းဆောင်များနှင့်အတူ ပထမကမ္ဘာစစ်ပြီးဆုံးသည့် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားတက်ရောက်မည်ဖြစ်ကြောင်း ၊ ထိုကာလအတွင်း ပြင်သစ်သမ္မတ မိုက်ခရွန်နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ နိုဝင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

ထရမ့်နှင့် ပူတင်တို့သည် ယခုနှစ် ဇူလိုင်လ ၁၆ ရက်က ဖင်လန်နိုင်ငံ မြို့တော် ဟယ်လ်စင်ကီတွင် တွေ့ဆုံဆွေးနွေးခဲ့ရာ ယင်းတွေ့ဆုံဆွေးနွေးပွဲမှာ သမ္မတ ထရမ့် အာဏာရပြီးနောက် အမေရိကန်-ရုရှား နှစ်နိုင်ငံ သမ္မတတို့၏ ပထမဆုံးတရားဝင်တွေ့ဆုံဆွေးနွေးပွဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.