Connect with us

North America

မက္ကဆီကိုနိုင်ငံတွင် ကောင်းကင်ရထားလမ်း ပြိုကျမှုကြောင့် လူ ၁၅ ဦးထက်မနည်းသေဆုံးပြီး ၇၀ ဦးဒဏ်ရာရ

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးတွင် ကောင်းကင်ရထားလမ်းပြိုကျသည့်နေရာအား မေ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ မေ ၄ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့ တောင်ပိုင်းတွင် မေ ၃ ရက်ညပိုင်းက ကောင်းကင်ရထားသံလမ်း ပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး အခြားသူ ၇၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များမှ ကနဦးနောက်ဆုံးရသတင်းအရ သိရသည်။

အဆိုပါ မတော်တဆမှုသည် မေ ၃ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရထားဖြတ်သန်းသွားစဉ် ကွန်ကရစ်ရက်မ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း မက္ကဆီကိုစီးတီး မြို့တော်ဝန် Claudia Sheinbaum က ယနေ့ (မေ ၄ ရက်) ရုပ်မြင်သံကြားဌာနနှင့်တွေ့ဆုံမေးမြန်းရာ၌ ပြောကြားခဲ့သည်။

“အခင်းဖြစ်ပွားရသည့် အကြောင်းရင်းများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများအား လူသိရှင်ကြား ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ ဒီလိုမတော်တဆမှုဖြစ်ပွားရတဲ့အတွက် ကျွန်မတို့ အင်မတန် ဝမ်းနည်းရပါတယ်” ဟု ၎င်းက ပြောခဲ့သည်။
ပြုတ်ကျနေသည့် ရထားမှာ အခြေအနေမတည်မငြိမ်ဖြစ်နေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ အဆက်မပြတ်လုပ်ဆောင်နေကြောင်း သိရသည်။အခင်းဖြစ်ပွားရာနေရာမှ လူ ၃၄ ဦးအား နီးစပ်ရာဆေးရုံသို့ လွှဲပြောင်းပေးခဲ့ကြောင်း Sheinbaum က ပြောခဲ့သည်။ (Xinhua)

—————————————
(English Version)

Update: 15 killed, 70 injured in Mexico metro bridge collapse

MEXICO CITY, May 4 (Xinhua) — At least 15 people were killed and 70 others injured after a metro bridge collapsed in southern Mexico City Monday night, according to an updated preliminary report from local authorities.
In an interview with local TV station on Tuesday, Mexico City mayor Claudia Sheinbaum said that the accident occurred Monday when a concrete beam collapsed just as a subway train was passing.
“The corresponding investigations will be carried out to publicize the causes of the accident. We are very sorry for what happened,” she said.
At the moment, the rescue operation has been interrupted because the train which had fallen is at an unstable condition.
In addition, 34 people have been transferred to nearby hospitals, Sheinbaum said. ■