Connect with us

North America

အိမ်ထောင်သက် ၂၇ နှစ်ကြာပြီးနောက် ဘီလ်ဂိတ် နှင့် မယ်လင်ဒါ တို့ စုံတွဲ ကွာရှင်းပြတ်စဲ

ဘီလ်ဂိတ် နှင့် မယ်လင်ဒါ တို့ဇနီးမောင်နှံအား ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၈ ရက်က ဝါရှင်တန်မြို့တွင် အတူတကွ တွေ့ရစဉ်(ဆင်ဟွာ)

ဆန်ဖရန်စစ္စကို ၊ မေ ၄ ရက်(ဆင်ဟွာ)

အိမ်ထောင်သက် ၂၇ နှစ် ကြာပြီးနောက် ၎င်းတို့၏ အိမ်ထောင်ရေး ကွဲရှင်းပြတ်စဲလိုက်ပြီဖြစ်ကြောင်း (Microsoft) မိုက်ခရိုဆော့သူဌေးကြီး ဘီလ်ဂိတ် နှင့် မယ်လင်ဒါတို့ ဇနီးမောင်နှံနှစ်ဦးက မေ ၃ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ အများကြီးထည့်သွင်းစဉ်းစားပြီး ကျွန်တော်တို့ဆက်ဆံရေးမှာ ပြုမူဆောင်ရွက်စရာတွေကို လုပ်ကိုင်ဆောင်ရွက်ပြီးတဲ့နောက်မှာတော့ လက်ထပ်ခြင်းကို အဆုံးသတ်ဖို့ ကျွန်တေ်တို့ ဆုံးဖြတ်လိုက်ကြတာပါ” ဟု ဇနီးမောင်နှံနှစ်ဦးက တွစ်တာမှတဆင့်ရေးသားဖော်ပြခဲသည်။

မိုက်ခရိုဆော့ကုမ္ပဏီ(Microsoft) သို့ မယ်လင်ဒါ အလုပ်စတင်ဝင်ရောက်ခဲ့သည့် ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်းတွင် ၎င်းတို့နှစ်ဦးတွေ့ဆုံခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ၎င်းတို့တွင် ရင်သွေး ၃ ဦး ရှိပြီး Bill & Melinda Gates ဖောင်ဒေးရှင်းကို ပူးတွဲလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

“ အဲဒီဖောင်ဒေးရှင်းအလုပ်တွေကို ယုံကြည်မှုတစ်ခုနဲ့ ကျွန်တော်တို့ဆက်ပြီးလုပ်သွားမယ်။ ဖောင်ဒေးရှင်းမှာ လုပ်စရာရှိတဲ့ အလုပ်တွေကို အတူဆက်ပြီးလုပ်သွားကြမယ် ၊ ဒါပေမယ့် ကျွန်တော်တို့ဘဝရဲ့ ကျန်ရှိနေတဲ့ အချိန်တွေမှာ ဇနီးမောင်နှံအဖြစ် အတူဆက်ပြီးနေထိုင်သွားဖို့ကတော့ ယုံကြည်မှု မရှိတော့ပါဘူး ” ဟု တွစ်တာတွင်ရေးသားထားသည်။ထို့ပြင် “ ဒီဘဝသစ်ကို စတင်မောင်းနှင်တော့မှာဖြစ်လို့ ကျွန်တော်တို့မိသားစုအတွက် လှုပ်ရှားဖို့ နေရာလေး နဲ့ သီးသန့် ဖြစ်ဖို့ ပြောဖြစ်ပါတယ်” ဟု ဆက်လက်ဖော်ပြထားသည်။ဘီလ်ဂိတ်သည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း Forbes မဂ္ဂဇင်းအရ သိရသည်။(Xinhua)
—————————————
(English Version)

Bill and Melinda Gates announce divorce after 27-year marriage
SAN FRANCISCO, May 3 (Xinhua) — Bill and Melinda Gates on Monday announced a joint statement saying they were getting divorced after 27 years of marriage.
“After a great deal of thought and a lot of work on our relationship, we have made the decision to end our marriage,” the pair wrote on Twitter.
According to reports, they met in the late 1980s when Melinda joined Microsoft. They have three children and jointly run the Bill & Melinda Gates Foundation.
“We continue to share a belief in that mission and will continue our work together at the foundation, but we no longer believe we can grow together as a couple in this next phase of our lives,” they tweeted. “We ask for space and privacy for our family as we begin to navigate this new life.”
Bill Gates is the fourth wealthiest person in the world, according to Forbes.

Photo provided by Bill & Melinda Gates Foundation shows that Bill Gates (R) and Melinda Gates pose for a photo after annotating the 2019 annual letter in Kirkland, Washington, the United States, on Jan. 8, 2019. (Xinhua)