Connect with us

North America

မက္ကဆီကိုနိုင်ငံ ဝန်ကြီးဟောင်း အားအကျင့်ပျက်ခြစားမှုဖြင့်ဖမ်းဆီး

ဝန်ကြီးဟောင်း Rosario Robles အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

မက္ကဆီကိုစီးတီး ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ ဝန်ကြီးဟောင်း Rosario Robles ကို အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် ဖမ်းဆီးရန် မက္ကဆီကိုတရားသူကြီးတစ်ဦးက သြဂုတ် ၁၃ ရက် တွင် အမိန့်ချခဲ့သည်။

၁၂နာရီကြာ ကြားနာစစ်ဆေးမှုအပြီး တွင် သမ္မတဟောင်း Enrique Pena Nieto (၂၀၁၂-၂၀၁၈) လက်ထက်တွင်တာဝန်ထမ်းဆောင်ခဲ့သော လယ်ယာမြေဖွံ့ဖြိုးတိုးတက်ရေး နှင့် မြို့ပြစီမံကိန်း ဝန်ကြီး Robles အား ဖမ်းဆီးခဲ့ပြီးနောက် အမျိုးသမီးအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။

စုံစမ်းစစ်ဆေးမှုများဆောင်ရွက်နေစဉ် အတွင်း သူမအနေဖြင့် ထောင်ထဲတွင် ၂လ နေရဦးမည်ဖြစ်ကြောင်း Robles ၏ ရှေ့နေဖြစ်သူ Xavier Olea ၏ပြောကြားချက်အရသိရသည်။

Robles သည် ပြည်သူပိုင်ငွေ ပီဆို၅ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၅၇သန်း) ကို မတရားသဖြင့်ရယူခဲ့မှုအတွက် ပြည်သူပိုင်လုပ်ငန်းအားမှားယွင်းသွာအသုံးချဆောင်ရွက်မှုဖြင့်စွပ်စွဲခံခဲ့ရသည်။

၎င်းဝန်ကြီးဟောင်းကမူ စွပ်စွဲချက်များအားငြင်းဆိုခဲ့ကာ သူမ၏ရှေ့နေအဖွဲ့က ထိုအမှုကိစ္စသည် နိုင်ငံရေး နှိပ်ကွပ်မှုအဖြစ်မှတ်ယူထားကြောင်းပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.