Connect with us

North America

ယူကရိန်းခရီးသည်တင်လေယာဉ် ဒုံးကျည်ဖြင့် ပစ်ချခံရခြင်းဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ်ပြော

အီရန်နိုင်ငံ၌ ပျက်ကျသွားသော ယူကရိန်းလေကြောင်းလိုင်းပိုင် လေယာဉ်အစိတ်အပိုင်းများအား ရှင်းလင်းနေစဉ်(ဆင်ဟွာ)

အော့တဝါ ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) 

ခရီးသည် ၁၇၆ ဦးသေဆုံးခဲ့ရသည့် တီဟီရန်မြို့အနီး၌ ပျက်ကျသွားခဲ့သော ယူကရိန်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်ပျက်ကျမှုသည် အီရန်နိုင်ငံ၏ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်တစ်စင်း ထိမှန်ခဲ့ခြင်းဖြစ်သည်ကို ၎င်း၏အစိုးရအဖွဲ့က ရှာဖွေဖော်ထုတ်ခဲ့ကြောင်း ကနေဒါနိုင်ငံဝန်ကြီးချုပ် မစ္စတာဂျက်စတင် ထရူးဒို က ဇန်နဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။

“ ကျနော်တို့ ထောက်လှမ်းရေး နဲ့ ကျနော်တို့မဟာမိတ်တွေရဲ့ ထောက်လှမ်းရေးတွေအပါအဝင် သတင်းအရင်းအမြစ်အမျိုးမျိုးဆီက သတင်းတွေရရှိထားပါတယ် ” ဟု ကနေဒါနိုင်ငံ အော့တဝါမြို့၌ ဇန်နဝါရီ ၉ ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ ထရူးဒိုက ပြောကြားခဲ့သည်။ယင်းမတော်တဆမှုသည် “မရည်ရွယ်ဘဲ ဖြစ်သွားတာမျိုးဖြစ်နိုင်တယ်”  ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အီရန်နိုင်ငံ၌ ပျက်ကျသွားသော ယူကရိန်းလေကြောင်းလိုင်းပိုင် လေယာဉ်အစိတ်အပိုင်းများအား ရှင်းလင်းနေစဉ်(ဆင်ဟွာ)

အဆိုပါယူကရိန်းလေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသော ခရီးသည်များအနက် ကနေဒါနိုင်ငံသား ၆၃ ဦးပါဝင်ကြောင်း သိရသည်။ခရီးသည်တင်လေယာဉ်သည် အီရန်နိုင်ငံ၏ မှားယွင်းပစ်ခတ်ခြင်း ခံခဲ့ရသည်ဟု “ တိုးမြင့်ယုံကြည်ရကြောင်း” အမေရိကန်တာဝန်ရှိသူများ၏ ပြောကြားချက်ကို အမေရိကန်သတင်းမီဒီယာများက ဇန်နဝါရီ ၉ ရက်တွင် ရေးသားဖော်ပြခဲ့ပြီးနောက်တွင် ကနေဒါဝန်ကြီးချုပ်၏ မှတ်ချက်စကားထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အီရန်နိုင်ငံ၌ ပျက်ကျသွားသော ယူကရိန်းလေကြောင်းလိုင်းပိုင် လေယာဉ်အစိတ်အပိုင်းများအား ရှင်းလင်းနေစဉ်(ဆင်ဟွာ)

အီရန်နိုင်ငံ၌ ပျက်ကျသွားသော ယူကရိန်းလေကြောင်းလိုင်းပိုင် လေယာဉ်အစိတ်အပိုင်းများအား ရှင်းလင်းနေစဉ်(ဆင်ဟွာ)

အီရန်နိုင်ငံ၌ ပျက်ကျသွားသော ယူကရိန်းလေကြောင်းလိုင်းပိုင် လေယာဉ်အစိတ်အပိုင်းများအား ရှင်းလင်းနေစဉ်(ဆင်ဟွာ)

ယူကရိန်းလေယာဉ်သည် အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုတစ်ခုကြောင့် ပျက်ကျခဲ့ရသည်ဆိုသော  ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေသည့် စွပ်စွဲချက်(သို့မဟုတ်) လိုရာဆွဲပြောဆိုချက်အား အီရန်အာဏာပိုင်များက ငြင်းဆိုထားသည်။“ နည်းပညာချွတ်ယွင်းမှုကြောင့် လေယာဉ် မတော်တဆဖြစ်သွားတာပါ” ဟု အီရန်နိုင်ငံ လမ်းခရီး နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီး Mohammad Eslami က ဇန်နဝါရီ ၉ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ၎င်းက ဘိုးရင်း ၇၃၇ လေယာဉ်သည် နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းချက်တစ်ခုကြောင့် ဆက်သွယ်ရေးစနစ် နှင့် ထိန်းချုပ်ရေးစနစ် အလုပ်မလုပ်တော့ဘဲ မီးလောင်ကျွမ်းသွားခဲ့ခြင်းဖြစ်ကြောင်း နှင့် ရလဒ်အနေဖြင့် လေယာဉ်ပျက်ကျသွားခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။အီရန်နိုင်ငံ ပညာရှင်များ နှင့် ကျွမ်းကျင်သူများက လေယာဉ်ပျက်ကျရခြင်း အကြောင်းအရင်းကို သိရှိနိုင်ရန် လေယာဉ်ပျက်ကျသွားသောနေရာမှ ရှာဖွေရရှိခဲ့သည့် အလိုအလျှောက်အသံဖမ်းစနစ်(Black Boxes)မှ အချက်အလက်ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.