Connect with us

North America

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တီလာဆန်(Rex Tillerson) က ရာထူးမှ နုတ်ထွက်မည်ဆိုသော ကောလာဟလကို ငြင်းဆို

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး တီလာဆန် အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်(Donald Trump) အား ပုဂ္ဂိုလ်ရေး ဝေဖန်မှုပြုလုပ်ခဲ့ပြီး လာမည့်နွေရာသီတွင် ရာထူးမှ နုတ်ထွက်မည်ဟူသော ကောလာဟလများကို အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး တီလာဆန်က အောက်တိုဘာလ ၄ ရက်တွင် ငြင်းဆိုလိုက်သည်။

“ နိုင်ငံခြားရေးဝန်ကြီးရာထူးမှာ ဆက်နေဖို့ဒုတိယသမ္မတက ကျွန်တော့်ကို ဘယ်တုန်းကမှ ခေါ်ပြောဖူးတာ မရှိပါဘူး။ဘာကြောင့်လဲဆိုတော့ ဒီရာထူးက နုတ်ထွက်ဖို့ကျွန်တော်ဘယ်တုန်းကမှ မစဉ်းစားခဲ့ လို့ပါပဲ ” ဟု ဒုတိယသမ္မတ မိုက်ပန်(Mike Pence) ကို ရည်ညွှန်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တီလာဆန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးရာထူးကို လက်ခံဖို့ကမ်းလှမ်းခံရတဲ့ နေ့ကတည်းက ကျွနု်ပ်တို့ရဲ့ သမ္မတ နဲ့ ကျွနု်ပ်တို့ရဲ့ နိုင်ငံ အရေးမှာ အောင်မြင်မှုအောင် လုပ်ဆောင်မယ်လို့ ကျွန်တော် ကတိပြုထားပါတယ်” ဟု တီလာဆန်(Rex Tillerson)က ဆိုသည်။

တီလာဆန်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား “ မိုက်မဲသူ” ဟူ၍ ခေါ်ဆိုခဲ့ပြီး ဒုတိယသမ္မတ မိုက်ပန် က တီလာဆန်အား ရာထူးမှ နုတ်ထွက်ခြင်းမပြုရန် ပြောဆိုခဲ့ကြောင်း အမေရိကန်သတင်းမီဒီယာက ဖော်ပြခဲ့ပြီးနောက်တွင် တီလာဆန်(Rex Tillerson) ၏ နုတ်ထွက်မည်မဟုတ်ကြောင်း မှတ်ချက်စကားထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

“ ကျနော် ဝါရှင်တန်ကို ရောက်စက သမ္မတရဲ့ လမ်းစဉ်တွေကို ပယ်ဖျက်ပြီး သူတို့ရဲ့ ကိုယ်ပိုင်လမ်းစဉ်ကို ဖောက်လုပ်ဖို့ကြိုးပမ်းနေသူ အချို့ရှိတာကို လေ့လာ သိရှိခဲ့ရတယ်” ဟုတီလာဆန်က ပြောကြားခဲ့ပြီး ထိုသူများအား “ ယုံကြည်ချက်မှားယွင်းနေကြသူများ” ဟု ၎င်းက ဆိုသည်။

“ ဒုတိယသမ္မတ မိုက်ပန် နဲ့တီလာဆန် နဲ့ပတ်သက်ပြီး စက်တင်ဘာလက ဖော်ပြခဲ့တဲ့ ABC သတင်းဟာ လုံးဝကို လက်ခံစရာမရှိပါဘူး။ အဲဒါက သတင်းမှားပဲ။ သူတို့ဟာ အမေရိကန်ပြည်သူတွေကို တောင်းပန်သင့်တယ် ” ဟု အောက်တိုဘာလ ၁ ရက်က အစုလိုက်အပြုံလိုက်ပစ်ခတ်မှုဖြစ်ပွားရာ လာစ့်ဗီးဂတ်စ်မြို့သို့သွားရောက်သည့် ခရီးစဉ်အတွင်း သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင်ရေးသားဖော်ပြခဲ့သည်။

“ ကျွန်တော့် အနေနဲ့တီလာဆန် ပေါ်မှာ ယုံကြည်မှု အပြည့်အဝ ရှိပါတယ်” ဟု လာစ့်ဗီးဂတ်စ်ဆေးရုံမှ ထွက်ခွာလာစဉ် သတင်းသမားများအား ပြောကြားရာ၌ ထရမ့်က ထည့်သွင်းပြောကြားခဲ့သည်။အမေရိကန်သမ္မတအိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံအမျိုးသမီး Sarah Sanders က “ တကယ်လို့သမ္မတဟာ တစ်စုံတစ်ယောက်အပေါ် ယုံကြည်မှု မရှိဘူးဆိုရင် အဲဒီလူတွေဟာ အဲဒီရာထူးမှာ ရှိမနေတော့ပါဘူး” ဟူ၍ ပြောကြားခဲ့သည်။(Xinhua)