Connect with us

North America

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး က အီရန် နိုင်ငံ အပေါ် အပြင်းထန်ဆုံးသော အရေးယူပိတ်ဆို့မှု များ ဆောင်ရွက်မည် ဖြစ်ကြောင်း ခြိမ်းခြောက်

အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၂၂ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က အီရန် နိုင်ငံ အနေဖြင့် လက်ရှိလျှောက်လှမ်း နေသည့် ဆောင်ရွက်မှုများ ကို ပြောင်းလဲမှု မပြုလုပ်ပါက အမေရိကန် နိုင်ငံ ၏ အပြင်းထန်ဆုံးသော အရေးယူ ပိတ်ဆို့မှု ကို ခံရမည် ဖြစ်ကြောင်း မေလ ၂၁ ရက်နေ့၌ ပြောကြား ခဲ့သည်။

Mike Pompeo က မေလ ၂၁ ရက်နေ့ ၌ မိန့်ခွန်းပြောကြားရာတွင် အမေရိကန် နိုင်ငံ ၏ အီရန်နျူကလီးယား သဘောတူညီချက် မှ နုတ်ထွက်ပြီးနောက် မူဝါဒ နှင့် ပတ်သက်၍ ပြောကြားရာတွင် အီရန် နိုင်ငံ အစိုးရ အနေဖြင့် လက်ရှိလျှောက်လှမ်းနေသည့် ဆောင်ရွက်မှုများ သည် လက်ခံနိုင်ဖွယ် မရှိဘဲ အမေရိကန် နိုင်ငံ အနေဖြင့် အီရန် နိုင်ငံ အား သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး ငွေကြေး ပိတ်ဆို့အရေးယူမှု များကို ဆောင်ရွက်သွားပြီး အီရန် နိုင်ငံ မှ ပြောင်းလဲမှု ဆောင်ရွက်သည့် အထိ အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး က အီရန် နိုင်ငံ အား ပိတ်ဆို့အရေးယူမှု ရပ်တန့် ရန် အတွက် အီရန် နိုင်ငံ မှ လိုက်နာရမည် အချက်ပေါင်း ၁၂ ချက် ကို ပြောကြားခဲ့ပြီး အမေရိကန် နိုင်ငံ ၏ အရေးယူ ပိတ်ဆို့မှု သည် ယခု မှ စတင်ဆောင်ရွက်ခြင်း ဖြစ်ပြီး ပြောင်းလဲမှု မဆောင်ရွက်ပါက ရှေ့ဆက် အရေးယူပိတ်ဆို့မှု များ တိုးချဲ့သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Mike Pompeo က အမေရိကန် နိုင်ငံ အနေဖြင့် အီရန် နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ ပြန်လည် ဆောင်ရွက်ခြင်း ကြောင့် အမေရိကန် နိုင်ငံ ၏ မဟာမိတ် နိုင်ငံများအား ငွေကြေး နှင့် စီးပွားရေး အခက်အခဲ ဖြစ်ပွား စေမည် ကို သိရှိသော်လည်း အမေရိကန် နိုင်ငံ အနေဖြင့် စည်းကမ်းဖောက်ဖျက်၍ အီရန် နိုင်ငံ နှင့် စီးပွားရေး ဆောင်ရွက်သော လူပုဂ္ဂိုလ် နှင့် အဖွဲ့အစည်း များကို အရေးယူမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ အနေဖြင့် မေလ ၈ ရက်နေ့၌ အီရန် နျူကလီးယား သဘောတူညီချက် မှ နုတ်ထွက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပြီး အရေးယူပိတ်ဆို့မှုများ ပြန်လည် ဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာ လိုက်သည်။ လွန်ခဲ့သည့် ၂ ပတ်တာ ကာလ အတွင်း အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန အနေဖြင့် အီရန် နိုင်ငံ နှင့် ပတ်သက်၍ အရေးယူ ပိတ်ဆို့မှု များစွာ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.