Connect with us

North America

အမေရိကန် နိုင်ငံ က အမေရိကန်-မြောက်ကိုရီးယား ထိပ်သီး အစည်းအဝေး ပြုလုပ်မည့် အချိန်ကာလ အသေးစိတ် အား ထုတ်ပြန်ကြေညာ

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယား နိုင်ငံ အလုပ်သမား ပါတီ ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ Kim Yong-chol အိမ်ဖြူတော် တွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၅ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ အိမ်ဖြူတော် က အမေရိကန် နိုင်ငံ နှင့် မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင် တို့၏ တွေ့ဆုံမှု နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက် များအား ထုတ်ပြန်ကြေညာ ခဲ့ပြီး နှစ်နိုင်ငံ ထိပ်သီး အစည်းအဝေး အား စင်ကာပူ နိုင်ငံ တွင် ဇွန်လ ၁၂ ရက်နေ့ ဒေသစံတော်ချိန် နံနက်ပိုင်း ၉ နာရီ တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဇွန်လ ၄ ရက်နေ့ ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Sarah Huckabee Sanders က ဇွန်လ ၄ ရက်နေ့ တွင် ကျင်းပ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ယင်းအကြောင်းအရာ အား ပြောကြား ခဲ့ခြင်း ဖြစ်ပြီး အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်း တို့၏ တွေ့ဆုံမှု ကို ယင်းအချိန်တွင် ပြုလုပ်ရန် စီစဉ်ထားပြီး ပြင်ဆင်မှုများ ပြုလုပ်နိုင်သေးကြောင်း ပြောကြား ခဲ့သည်။

Sanders က လက်ရှိချိန်တွင် အမေရိကန် နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ က တောင်-မြောက် ကိုရီးယား စစ်မဲ့ဇုန် တွင် မြောက်ကိုရီးယား နိုင်ငံ နှင့် နိုင်ငံခြားရေး ဆွေးနွေးညှိနှိုင်းမှု များ တက်ကြွစွာ ဆောင်ရွက်နေပြီး အရေးပါသည့် တိုးတက်မှုများ ရရှိခဲ့ကြောင်း ၊ ထို့ပြင် အခြား အမေရိကန် နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့ အနေဖြင့် စင်ကာပူ နိုင်ငံ တွင် ထိပ်သီး ဆွေးနွေးပွဲ အတွက် ပြင်ဆင်မှု လုပ်ငန်း များဆောင်ရွက်နေပြီး လုပ်ငန်း မှာ နောက်ဆုံးပြီးစီး သည့် အဆင့် သို့ ရောက်ရှိနေပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ဇွန်လ ၁ ရက်နေ့ ၌ မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင် နှင့် စီစဉ်ထားသည့် အချိန် အတိုင်း တွေ့ဆုံမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့ပြီး အိမ်ဖြူတော် တွင် မြောက်ကိုရီးယား နိုင်ငံ အလုပ်သမား ပါတီ ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ Kim Yong-chol နှင့်လည်း တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.