Connect with us

North America

အမေရိကန် နိုင်ငံ Philadelphia မြို့ တွင် ဖြိုချ နေဆဲ အဆောက်အဦ တစ်ခု ပြိုကျမှု ဖြစ်ပွား ခဲ့ရာ လူတစ်ဦး သေဆုံး

အဆောက်အဦ ပြိုကျမှု ဖြစ်ပွား ခဲ့သည့် အမေရိကန် နိုင်ငံ Philadelphia မြို့ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၅ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ Philadelphia မြို့ ရှိ ဖြိုချ နေဆဲ အဆောက်အဦ တစ်ခု ဇွန်လ ၄ ရက်နေ့၌ ပြိုကျမှု ဖြစ်ပွား ခဲ့ရာ လူတစ်ဦး သေဆုံး ခဲ့ရကြောင်း သိရှိရသည်။

ဒေသတွင်း သတင်း မီဒီယာ များ၏ ဖော်ပြချက် အရ ပြိုကျမှု ဖြစ်ပွား ခဲ့သည့် နှစ်ထပ် အဆောက်အဦ သည် Philadelphia မြို့ မြောက်ပိုင်း ဒေသတွင် တည်ရှိပြီး အဆောက်အဦ လုပ်ငန်းရှင် မှ ဖြိုချရန် ဆောင်ရွက်နေစဉ် အတွင်း ပြိုကျမှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ ဇွန်လ ၄ ရက်နေ့ ၌ ပြိုကျမှု ဖြစ်ပွား စဉ် အဆောက်အဦ အတွင်း အလုပ်သမား ၂ ဦး မှာ လုပ်ငန်း ဆောင်ရွက်မှု ပြုလုပ်နေပြီး ၁ ဦး က အခင်းဖြစ်ပွား သည့် နေရာ တွင် သေဆုံး ခဲ့ပြီး ကျန်တစ်ဦး က ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အဆောက်အဦ ပြိုကျ ရသည့် အကြောင်းရင်း အား စုံစမ်းစစ်ဆေးမှု များ ဆောင်ရွက်နေပြီး အဆောက်အဦ လုပ်ငန်းရှင် က လုပ်ငန်းဆောင်ရွက်မှု နှင့် ပတ်သက်၍ လိုအပ်ချက် များ အားလုံး ပြည့်စုံကြောင်း ပြောကြား ခဲ့သည်။ လေ့လာသုံးသပ်ချက်များ အရ လတ်တလော ရက်ပိုင်း Philadelphia မြို့ ၌ မိုးအဆက်မပြတ် ရွာသွန်းခြင်း သည် ယခု အဆောက်အဦ ပြိုကျမှု ဖြစ်ပွား ခဲ့ရသည့် အကြောင်းရင်း တစ်ရပ် ဖြစ်နိုင်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.