Connect with us

North America

အမေရိကန် နိုင်ငံ သို့ ရွှေ့ပြောင်းနေထိုင်ကြသူများ က လူသားချင်း စာနာထောက်ထားမှု မရှိသည့် ဆက်ဆံမှု များကို ခံစားနေရကြောင်း လူ့အခွင့်အရေး အစီရင်ခံစာ ဖော်ပြ

အမေရိကန် နိုင်ငံ ဝါရှင်တန် မြို့ တွင် ပိုစတာ ကိုင်ဆောင်၍ ဆန္ဒပြနေသူ တစ်ဦး အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံး ၏ မတ်လ ၁၃ ရက် တွင် ထုတ်ပြန်ကြေညာ ခဲ့သော “၂၀၁၉ ခုနှစ် အမေရိကန် နိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာ” အရ အမေရိကန် နိုင်ငံ သို့ ရွှေ့ပြောင်းနေထိုင်ကြသူများ က လူသားချင်း စာနာထောက်ထားမှု မရှိသည့် ဆက်ဆံမှု များကို ခံစားနေရကြောင်း သိရှိရသည်။

အစီရင်ခံစာ အရ အမေရိကန် နိုင်ငံ ၏ နှစ်ပေါင်းများစွာ လတ်တင်အမေရိကတိုက် တွင် ဝင်ရောက် စွက်ဖက်မှု ပြုလုပ်သည့် မူဝါဒကြောင့် အမေရိကတိုက် တွင် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ပြဿနာ များ အား အဆက်မပြတ် ဆိုးရွားလာစေခဲ့ကြောင်း ၊ အမေရိကန် လက်ရှိအစိုးရ ၏ နိုင်ငံရေး အစီအမံ ကို အခြေခံ၍ ဆောင်ရွက်ခဲ့သည့် သမိုင်းတစ်လျှောက် အစွန်းရောက်ဆုံးသော ဆောင်ရွက်မှု နှင့် လူသားချင်း စာနာထောက်ထားမှု မရှိသည့် ရက်စက်သည့် တရားစီရင်မှုများ ဖြင့် အမေရိကန် နိုင်ငံ သို့ ရွှေ့ပြောင်း နေထိုင်သူများ အပေါ် ဆက်ဆံခဲ့ကြကြောင်း ၊ အမေရိကန် နိုင်ငံ က ၎င်း၏ နိုင်ငံ သို့ ရွှေ့ပြောင်း နေထိုင်သူများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ မကြာခဏ ဖြစ်ပွား ခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း ၏ ပြင်းထန်သည့် ဝေဖန်မှုများ ကိုလည်း ခံခဲ့ရကြောင်း သိရှိရသည်။

ထို့ပြင် အစီရင်ခံစာ တွင် လတ်တလော နှစ်ပိုင်း အတွင်း အမေရိကန် နိုင်ငံ အစိုးရ က တစ်နေ့တစ်ခြား ခက်ထန်စွာ ၊ လူသားချင်း မစာနာစွာ ရွှေ့ပြောင်းလာသူများ အပေါ် ဆက်ဆံခဲ့ကြောင်း ၊ အထူး သဖြင့် ၂၀၁၈ ခုနှစ် ဧပြီလ တွင် ဆောင်ရွက်ခဲ့သည့် သည်းခံမှုမဲ့ မူဝါဒ ကြောင့် ကလေးငယ် အများအပြား မိသားစု ညီအကို မောင်နှမ တို့နှင့် ခွဲခွာခဲ့ရကြောင်း ၊ ရွှေ့ပြောင်း နေထိုင်သူများ ၏ ကလေးငယ်များ အခြေအနေ က လွန်စွာဝမ်းနည်းစရာ ကောင်းလှပြီး ရွှေ့ပြောင်း နေထိုင်သူများ ကလည်း ရက်စက်သည့် ညှဉ်းပန်းနှိပ်စက်မှု များခံခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ သည် အမေရိကတိုက် တစ်ခုတည်း ၏ လူဝင်မှု ကြီးကြပ်ရေး ပြဿနာ အဆက်မပြတ် ဆိုးရွားလာစေ သည့် တရားခံ ဖြစ်ကြောင်း ပါဝင် ခဲ့သည်။  (Xinhua)