ချိန်တူး၊ မတ် ၁၉ ရက်(ဆင်ဟွာ) ကီလိုဝပ်ပေါင်း ၅ သိန်းအထိ လျှပ်စစ်စွမ်းအင်ထုတ်လုပ်အသုံးပြုနိုင်မည့် ဧရာမ ရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံကို ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ မီတာ ၃,၀၀၀ တွင် တည်ဆောက်ထားခြင်းကြောင့်တရုတ်နိုင်ငံ၏ ပင်လယ်ရေမျက်နှာပြင်အမြင့်ဆုံး ကီလိုဝပ် သန်းနှင့်ချီထုတ်လုပ်နိုင်သော ရေအားလျှပ်စစ်စီမံကိန်း ဖြစ်လာပြီး မတ် ၁၈ ရက်တွင် စတင်လည်ပတ်ခဲ့ပြီဖြစ်သည်။
ကန်ဒါဟာ၊ အာဖဂန်နစ္စတန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)
ပေကျင်း၊ မတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မတ် ၁၈ ရက်နှောင်းပိုင်းက အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်၏ ဖုန်းခေါ်ဆိုမှုကို လက်ခံပြောကြားခဲ့သည်။ နှစ်နိုင်ငံ သမ္မတများသည် တရုတ်-အမေရိကန် ဆက်ဆံရေး၊ ယူကရိန်းနိုင်ငံအခြေအနေနှင့် အခြား အပြန်အလှန်အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များအပေါ် ပွင့်ပွင့်လင်းလင်း၊ နက်နက်ရှိုင်းရှိုင်း...
မော်စကို၊ မတ် ၁၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင် (Vladimir Putin) နှင့် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ်မက်ခရွန် (Emmanuel Macron) တို့သည် မတ် ၁၈ ရက်တွင်တယ်လီဖုန်းပြောဆိုစဉ် ယူကရိန်း၌ဖြစ်ပွားနေသည့် အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဘဲလ်ဂရိတ်၊ မတ် ၁၉ ရက် (ဆင်ဟွာ) ဆားဘီးယားနိုင်ငံ မြို့တော် ဘဲလ်ဂရိတ်၌ မတ် ၁၇ ရက်ကကျင်းပသည့် ဘောလုံးပွဲစဉ်တစ်ခုတွင် ပွဲကြည့်ပရိသတ်များက အမေရိကန်နှင့် နေတိုး (NATO) တို့မှ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ဗုံးကြဲတိုက်ခိုက်ခြင်း သို့မဟုတ် စစ်ပွဲစတင်ခဲ့သည့် နိုင်ငံနှင့် ဒေသများကို အသေးစိတ်ရေးသားထားသည့် စာတန်း...