ပေကျင်း ၊ မတ် ၁၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် ဇီဝဗေဒဆိုင်ရာ စစ်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍ မခြွင်းမချန်ရှင်းလင်းပေးရေး နှင့် တာဝန်သိသိ လုပ်ဆောင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ် ၁၄ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ) ၂၀၂၂ ခုနှစ်အတွင်း မြန်မာ-တရုတ်နယ်စပ်ဂိတ်ဖြစ်သည့် ယူနန်-ချင်းရွှေဟော်နယ်စပ်အဝင်အထွက် စစ်ဆေးရေးဂိတ်မှ တဆင့် တရုတ်နိုင်ငံဘက်သို့ ကြံတန်ချိန် ၃၇,၀၀၀ ကျော်အားတင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ဆင်ဟွာသို့ ယနေ့ မတ် ၁၅ ရက်တွင် ပြောသည်။
မော်စကို၊ မတ် ၁၅ ရက် (ဆင်ဟွာ) ရုရှားနှင့် ယူကရိန်းအကြား စေ့စပ်ညှိနှိုင်းမှုများကို နေ့စဉ်ပြုလုပ်လျက်ရှိကြောင်း ရုရှားကိုယ်စားလှယ်အဖွဲ့၏ အကြီးအကဲနှင့် ရုရှားသမ္မတ၏ လက်ထောက်ဖြစ်သူ ဗလာတီမာမင်စကီးက မတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ရောမ၊ မတ် ၁၅ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ယန်ကျဲ့ချီသည် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန် (Jake Sullivan) နှင့် မတ် ၁၄ ရက်က အီတလီနိုင်ငံ ရောမမြို့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဘာလင် ၊ မတ် ၁၅ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံက လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်က စတင်အသုံးပြုခဲ့သည့် သက်တမ်းရင့် Tornado အုပ်စုအား ဆက်ခံမည့် အမေရိကန်နိုင်ငံ Lockheed Martin ကုမ္ပဏီက ထုတ်လုပ်သည့် F-35 ဂျက်တိုက်လေယာဉ်များအား ဝယ်ယူသွားမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန(BMVg)က မတ်...