နေပြည်တော်၊မတ်လ ၁၂ ရက်(ဆင်ဟွာ) အမျိုးသား အဆင့် စားသုံးသူ အခွင့်အရေး လှုပ်ရှားမှုကို ရက်သတ္တ ခြောက်ပတ်ကြာ ဆောင်ရွက် သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်လွင်က ယနေ့ နံနက် ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဥပဒေပြုလွှတ်တော် ဖြစ်သော ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ဒုတိယနှစ်ပတ်လည်အစည်းအဝေး တတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးအား မတ်လ ၁၂ ရက် နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ) ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ တွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဓာတုဗေဒ ဘာသာရပ် ဖြေဆိုသူပေါင်း ၇၂၅,၇၀၁ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
ကာရာကာ့စ်၊ မတ် ၁၂ ရက်(ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံအစိုးရက နိုင်ငံအတွင်း မတ် ၇ ရက် ညနေပိုင်းမှ စ၍ ဖြစ်ပေါ်နေသည့် မီးအမှောင်ကျမှု အဆုံးသတ်ရေး ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ် လေးခုကို မတ် ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဆော်ပေါ်လို၊ မတ် ၁၂ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ၏ အကြီးဆုံးမြို့ဖြစ်သည့် ဆော်ပေါ်လိုမြို့ နှင့် အခြားသော မြို့ပြဧရိယာများတွင် မိုးသည်းထန်စွာရွာသွန်းမှု နှင့် ရေကြီးမှုများကြောင့် အနည်းဆုံး လူ ၁၁ဦးသေဆုံးပြီး အခြားလူ ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက မတ် ၁၁ရက်တွင်ပြောကြားခဲ့သည်။