အစ္စတန်ဘူ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အနောက်မြောက်ပိုင်း ဆာကာရာပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ခု ပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက် ၄ ဦးနှင့် ဒဏ်ရာရသူအရေအတွက် ၁၀၈ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း တူရကီ ဝန်ကြီးများက ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ၊ မတ် ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Bihar ပြည်နယ် ရှိ မီးရှူးမီးပန်းစက်ရုံအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ဦးသေဆုံးပြီး အခြားလူ ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက မတ် ၂၃ရက်တွင်ပြောကြားခဲ့သည်။