ကူဝိတ်စီးတီး၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ) ယီမင် STCအသွင်ကူးပြောင်းရေးကောင်စီ ၏ လက်နက်ကိုင် အင်အားစုများက ယီမင်နိုင်ငံတောင်ပိုင်း ရှဘ်ဝါ(Shabwa)ပြည်နယ်တွင် အစိုးရတပ်နှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားရာ အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဆန်နာ ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ၏ ဟူတီသူပုန်များက ဆော်ဒီအာရေးဗျနိုင်ငံ Jizan လေဆိပ်သို့ဦးတည်၍ သြဂုတ် ၂၅ ရက် ညနေပိုင်းက ဒုံးကျည် ၁ဝ စင်းပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ သူပုန်အုပ်စုပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ဝါရှင်တန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံတွင် သြဂုတ်လ ၂၀ ရက်က အမေရိကန် စစ်ဘက်မောင်းသူမဲ့လေယာဉ်တစ်စီးအား ပစ်ချခံခဲ့ရကြောင်း အမေရိကန်အရာရှိသူများက သြဂုတ်လ ၂၁ ရက်တွင် ပြောကြားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ကူဝိတ်စီးတီး၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ) STC အသွင်ကူးပြောင်းရေးကောင်စီအနေဖြင့် လက်နက်ကိုင် အင်အားစုများကို ယီမင်နိုင်ငံ ယာယီမြို့တော် အေဒင်(Aden)မြို့မှ ရုပ်သိမ်းလျှင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်မည်ဟု ယီမင်အစိုးရက သြဂုတ် ၁၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ကူဝိတ်စီးတီး၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ တောင်ပိုင်း အသွင်ကူးပြောင်းရေးကောင်စီ(STC)သည် သြဂုတ် ၁၀ ရက်တွင် ယာယီမြို့တော်အဒန် ( Aden) ရှိ သမ္မတရုံးအား ဝင်ရောက် သိမ်းပိုက်ခဲ့သည့် လုပ်ရပ်အပေါ် ပြစ်တင်ရှုတ်ချကြောင်း ယီမင်အစိုးရက အချင်းဖြစ်နေ့မှာပင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဆန်နား၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံရှိ ဟူသီသူပုန်များက ဆော်ဒီအာရေဗျနိုင်ငံရှိ Abha လေဆိပ်အား တိုက်ခိုက်ရန် ဒရုန်းများ လွှတ်တင်ခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ်အား ကိုးကား၍ ဟူသီသူပုန်များပိုင် Al-Masirah TV က သတင်းဖော်ပြခဲ့သည်။
ကူဝိတ်စီးတီး၊ ဇွန် ၉ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ တောင်ပိုင်း Dhalea ပြည်နယ်ရှိ ဗလီဝတ်ပြုကျောင်းတစ်ခု ဇွန် ၇ ရက်က တိုက်ခိုက်ခံရမှုဖြစ်ပွား ရာ အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အခြားလူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ယီမင်လုံခြုံရေးဌာန အရာရှိတစ်ဦးက အချင်းဖြစ်ပွားသောနေ့တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဧပြီလ ၁၇ ရက်(ဆင်ဟွာ) ယီမင်၌ ဆော်ဒီဦးဆောင်သောညွန့်ပေါင်းတပ်ဖွဲ့များ၏ စစ်ပွဲအား အမေရိကန်က ထောက်ပံ့နေမှုကို အဆုံးသတ်ရန်တောင်းဆိုသော အမေရိကန်ကွန်ဂရက်၏ ဆုံးဖြတ်ချက်အား အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီလ ၁၆ ရက်တွင်ဗီတိုအာဏာသုံး၍ပယ်ချခဲ့ကြောင်းသိရသည်။
ကူဝိတ်စီးတီး ၊ ဧပြီ ၇ ရက် (ဆင်ဟွာ) လွန်ခဲ့သည့် ၂၄ နာရီ အတွင်း အစိုးရ တပ်ဖွဲ့ နှင့် ဟူဒီ လက်နက်ကိုင် အဖွဲ့အစည်း တို့ က နိုင်ငံ တောင်ပိုင်း Dhale ပြည်နယ် တွင် ပြင်းထန် သည့် တိုက်ပွဲ...
ဆာနား၊ ဧပြီ ၁ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံ တောင်ပိုင်း Dhalea ပြည်နယ်တွင် မတ် ၃၁ ရက် က တိုက်ပွဲတစ်ခုအတွင်း အနည်းဆုံး စစ်သား ၁၃ဦး နှင့် ဟူသီသူပုန် အများအပြား သေဆုံးခဲ့ကြောင်း အစိုးရသတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သည်။