စင်ကာပူ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်နှင့် ထိပ်သီးအစည်းအဝေး ပြုလုပ်ရန် စင်ကာပူနိုင်ငံသို့ ဇွန်လ ၁၀ ရက် ညပိုင်းက ရောက်ရှိခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ မေ ၂၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းနှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်တို့၏ ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်ရန် အမေရိကန်နိုင်ငံမှ တရားဝင်အဖွဲ့တစ်ဖွဲ့သည် မြောက်ကိုရီးယားနိုင်ငံသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၂၇ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။