Connect with us

Asia

ထရမ့်က ကင်ဂျုံအန်နှင့် ထိပ်သီးအစည်းအဝေးပြုလုပ်ရန် စင်ကာပူသို့ ရောက်ရှိ


စင်ကာပူ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်နှင့် ထိပ်သီးအစည်းအဝေး ပြုလုပ်ရန် စင်ကာပူနိုင်ငံသို့ ဇွန်လ ၁၀ ရက် ညပိုင်းက ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိပ်သီးအစည်းအဝေးအား ဇွန်လ ၁၂ ရက်နေ့၌ စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းရှိ Capella ဟိုတယ်တွင် ပြုလုပ်ရန် စီစဉ်ထားခဲ့သည်။ ယင်း အစည်းအဝေးသည် အမေရိကန် သမ္မတနှင့် မြောက်ကိုရီးယား ခေါင်ဆောင်တို့အကြား ပထမဆုံးအကြိမ်ပြုလုပ်မည့် အစည်းအဝေးလည်း ဖြစ်သည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က စင်ကာပူနိုင်ငံသို့ ဇွန်လ ၁၀ ရက် ညပိုင်းတွင် ရောက်ရှိလာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ထရမ့်သည် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းနှင့် ဇွန်လ ၁၁ ရက်တွင် တွေ့ဆုံမည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်၌ ပြောကြားထားသည်။ကင်ဂျုံအန်ကလည်း ထိပ်သီးအစည်းအဝေး တက်ရောက်ရန်အတွက် ဇွန်လ ၁၀ ရက် အစောပိုင်းက စင်ကာပူနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းနှင့် တွေ့ဆုံခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117