ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အဖွဲ့ဝင်များက နိုင်ဂျီးရီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဟောင်း Ngozi Okonjo-Iweala အား ညွှန်ကြားရေးမှူးချုပ်အသစ်အဖြစ် ခန့်အပ်မှုကို ဖေဖော်ဝါရီ ၁၅ ရက်က သဘောတူခဲ့ကြောင်း WTO ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဂျီနီဗာ၊ မေ ၁၅ ရက် (ဆင်ဟွာ) ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization= WTO) ၏ ညွှန်ကြားရေးမှူးချုပ် Roberto Azevedo က၎င်း၏ ရာထူးသက်တမ်းမကုန်ဆုံးမီ ယခုနှစ် ဩဂုတ်လကုန်တွင် ရာထူးမှနုတ်ထွက်မည်ဟု မေ ၁၄ ရက်က ပြောကြားခဲ့သည်။