ဝါရှင်တန် ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကလေးငယ်ဆိုင်ရာသိပ္ပံအဖွဲ့အစည်း နှင့် ကလေးဆေးရုံအဖွဲ့ချုပ်တို့ ပူးပေါင်းထုတ်ပြန်ခဲ့သည့် နောက်ဆုံးကြေညာချက်အရ COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ လက်ရှိချိန်အထိ အမေရိကန်နိုင်ငံတွင် ကလေးနှင့်လူငယ်ပေါင်း ၆၂၀,၀၀၀ ကျော်ရောဂါကူးစက်ခံခဲ့ရပြီး လတ်တလောရက်ပိုင်းအတွင်း ကလေးငယ်ကူးစက်ခံရမှုက ပိုမိုမြန်ဆန်လာကြောင်း သိရှိရသည်။
ပေကျင်း၊ ဩဂုတ် ၂၃ ရက်(ဆင်ဟွာ) အရွယ်မရောက်သေးသော ကလေးငယ်များ နှာခေါင်းစည်းတပ်ဆင်ခြင်းဆိုင်ရာ လမ်းညွှန်အကြံပြုချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နှင့် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့(UNICEF)တို့ က ပူးတွဲ၍ ဩဂုတ် ၂၁ ရက်က ထုတ်ပြန်ခဲ့ရာ အရွယ်ရောက်ပြီးသော လူကြီးများနှာခေါင်းစည်းတပ်ဆင်ရန် လိုအပ်သည့်နေရာတွင် အသက် ၁၂ နှစ်အထက် ကလေးများလည်း...
ယူနီဆက် ၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ) ပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလျက်ရှိသည့် ဒေသများတွင် ကလေးငယ် သန်းပေါင်းများစွာသည် အစာအဟာရ ပြတ်လတ်မှုပြဿနာဖြင့်ကြုံတွေ့နေရကြောင်း လူသားချင်စာနာမှုဆိုင်ရာ စားနပ်ရိက္ခာထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့(UNICEF) က အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
အော့တိုဝါ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ Halifax မြို့တွင် ဖေဖော်ဝါရီ ၁၉ ရက် အစောပိုင်းက နေအိမ်တစ်လုံးမီးလောင်မှုကြောင့် ကလေးငယ် ၇ဦးသေဆုံးသွားခဲ့ကြောင်း CBC သတင်းဌာနက ဖော်ပြခဲ့သည်။
ချင်းရိုင်၊ ဇူလိုင် ၁၀ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ကျောက်ဂူတစ်ခုအတွင်း ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာ ပိတ်မိနေသည့် ကလေးငယ် ၁၂ ဦးစလုံး နှင့်၎င်းတို့၏နည်းပြ အား ဇူလိုင် ၁၀ ရက်တွင်ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ (Xinhua)