မနီလာ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံထံ Sinovac CoronaVac COVID-19 ကာကွယ်ဆေးများ ဇွန် ၂၄ ရက်က နောက်ထပ်တစ်သုတ် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးဌာန က ဇွန် ၂၄ ရက်၌ 《တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ၏ လူ့အခွင့်အရေးအပေါ် လေးစားမှု နှင့် အာမခံချက် ရှိရေးအတွက် မဟာဖော်ဆောင်မှု》စက္ကူဖြူစာတမ်း အား ထုတ်ပြန်ကြေညာခဲ့သည်။
ဟူးဟောက်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်-ဥရောပကုန်တင်ရထားစီးရေ စုစုပေါင်း ၇,၀၂၀ စီးသည် ၂၀၁၃ ခုနှစ်မှစ၍ တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Erenhot မြို့ နယ်စပ်စခန်းမှတစ်ဆင့် ဖြတ်သန်းသွားလျက်ရှိကြောင်း တရုတ် ဟူးဟောက်ရထားလုပ်ငန်းဗျူရို ကုမ္ပဏီလီမိတက်အရ သိရသည်။
ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဆူဒန်၊ လက်ဘနွန်၊ ကမ္ဘောဒီးယား၊ လစ်ဗျားနှင့် အခြားနိုင်ငံနှင့် ဒေသများရှိ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင် ၃၀ ခုခန့်တွင် တပ်ဖွဲ့ဝင် ၄၀,၀၀၀ ကျော် စေလွှတ်ထားကြောင်း ဇွန် ၂၄ ရက်၌ ထုတ်ပြန်သည့် စက္ကူဖြူစာတမ်းအရ သိရသည်။
ယွီချင့်၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကျွန်းရီမြို့ ယွီချင့်ခရိုင်အတွင်းရှိ ဝူးကျန်းမြစ် ကုဖီထန်ရေအားလျှပ်စစ်စီမံကိန်း၏ ရေကြောင်းသွားလာရေးလုပ်ငန်းကို ဇွန် ၂၂ ရက်တွင် စတင် စမ်းသပ် လည်ပတ်ခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို တွန်းအားပေးရာတွင် နိုင်ငံတကာအသိုက်အဝန်းက ပို၍ အပြုသဘောဆောင်သင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက ဇွန် ၂၂ ရက်၌ ပြုလုပ်သော လုံခြုံရေးကောင်စီ အာဖဂန်အရေး ဗွီဒီယိုကွန်ဖရင့်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက နိုင်ငံခြားသို့ တင်ပို့နိုင်သော ကာကွယ်ဆေးထုတ်ကုန်စာရင်းတွင် ပြည်တွင်း၌ ဈေးကွက်တင်ရောင်းချခွင့် ရရှိထားသော COVID-19 ကာကွယ်ဆေးလေးမျိုးလည်း ပါဝင်ကြောင်း သိရသည်။
ဂျီနီဗာ ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ ဂျီနီဗာ အခြေစိုက် တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ချိန်ရွှီ က ဇွန် ၂၁ ရက်၌ ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (၄၇)ကြိမ်မြောက် အစည်းအဝေး၌ COVID-19 ကပ်ရောဂါ ရင်ဆိုင်ဖြေရှင်းရေး နှင့် လူ့အခွင့်အရေးဆိုင်ရာ အဆင့်မြင့်အရာရှိ...
ပေကျင်း ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ၌ လတ်တလောရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဟေလုံမြစ်အထက်ပိုင်း ၊ နိမ်မြစ်အထက်ပိုင်း နှင့် အချို့သော မြစ်ခွဲများတွင် စိုးရိမ်ရေအမှတ်ကျော်လွန်သည့် ရေကြီးမှုများဖြစ်ပွားခဲ့ပြီး အချို့သော မြစ်ပိုင်းများတွင် လုံခြုံမှုအာမခံချက်ရှိသည့် ရေမှတ်ထက်ကျော်လွန်သည့် ရေကြီးမှုဖြစ်ပွားခဲ့ကြောင်း အရေးပေါ်စီမံခန့်ခွဲရေးဌာန က ဇွန်...
ကူမင်း၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) ယူနန်မြောက်ဘက်သို့ ရွှေ့ပြောင်းသည့် ဆင်အုပ်ကြီးသည် ဇွန် ၂၀ ရက် ၁၈ နာရီမှ ဇွန် ၂၁ ရက် ၁၈ နာရီအတွင်း မြောက်ဘက် (၉.၃)ကီလိုမီတာအကွာသို့ ရွှေ့ပြောင်းလျက်ရှိပြီး ယွိရှီးမြို့ အယ်ဆန်းခရိုင်မှ ရိမန်ခရိုင် စီကျယ်ကျေးရွာ တောအုပ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီဖြစ်ကြောင်း...