RUIAN , ဇွန် ၄ ရက် (ဆင်ဟွာ) ဖုန်ရှောင်ရင်းနှင့် ဖန်တယ်တော တို့သည် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် မာယွီမြို့နယ် ရှားအောက်ကျေးရွာတွင် နေထိုင်သည့် လယ်သမားများဖြစ်သည်။ ၎င်းတို့ဇနီးမောင်နှံနှစ်ဦးသည် လယ်ယာလုပ်ငန်းခွင် ပြီးစီးပါက ဝါသနာကြီးကြီးမားမားတစ်ခုရှိပေသည်။ ကကွက်များ တီထွင်ဖန်တီးကာ စမ်းသပ်ကြခြင်းဖြစ်သည်။
ဆန်းတုန်း၊ ဇွန် ၄ ရက်(ဆင်ဟွာ) ဂျုံရိတ်သိမ်းရာသီတွင် တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် လျင်ရီမြို့ ထျန်ချန်ခရိုင်ရှိ တောင်သူများသည် ဂျုံပင်ကောက်ရိုးများကိုပါ ရိတ်သိမ်းပြီး နေပူလှန်း ပိုးသတ်၍ လက်ရာမြောက်သည့် လက်မှုပစ္စည်းလေးများ ရက်လုပ်လေ့ရှိကြသည်။၎င်းမှာ ကောက်ရိုးမီးလောင်၍ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေခြင်းအား ကာကွယ်နိုင်သလို ဝင်ငွေလည်း ထပ်တိုးစေခဲ့သည်။
ပေကျင်း၊ ဇွန် ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား ထောက်ခံသူများ ဖြစ်ဖွယ်ရှိသည့် တွစ်တာအသုံးပြုသူအုပ်စု ၃၀ ခန့်က ရီပက်ဘလစ်ကန်ပါတီ သို့မဟုတ် လက်ယာအစွန်းရောက် လျှို့ဝှက်ပူးပေါင်းကြံစည်မှုအယူအဆ QAnon ဖြင့် ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံက ဖန်တီးထားသော ဇီဝလက်နက်တစ်ခုဖြစ်သည်ဟူသော ကောလာဟလများကို ဝါဒဖြန့်ခဲ့ကြကြောင်း ...
လာဆာ၊ ဇွန် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ချိုမိုလန်းမားတောင်နှင့် တောင်အနီးဝန်းကျင်ဒေသအတွက် ပထမဆုံး အကြိမ်အဖြစ် တိကျမှုမြင့်မားသော လေကြောင်းမှမြေတိုင်းခြင်းလုပ်ငန်း ကို ဆောင်ရွက်ပြီးစီးခဲ့ပြီး လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် မြေဆွဲအားတိုင်းတာရေးလေယာဉ်ငယ်သည် တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လာဆာသို့ ဘေးကင်းစွာပြန်လည်ရောက်လာခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ဇွန် ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ COVID-19 ရောဂါကာကွယ်ဆေးဖြစ်သော ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးမည့် inactivated vaccine ကို လက်တွေ့စမ်းသပ်မှုများ ပြီးစီးရန်နှင့် ဈေးကွက်အတွင်းဖြန့်ဖြူးရန် ယခုနှစ် နှစ်ကုန်ပိုင်း သို့မဟုတ် နောက်နှစ် နှစ်ဆန်းပိုင်းတွင် အသင့်အနေအထားရောက်ရှိမည်ဟု မျှော်မှန်းထားကြောင်း တရုတ်အမျိုးသား ဇီဝနည်းပညာအုပ်စု (CNBG) ၏...
ဟောင်ကောင် ၊ ဇွန် ၂ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ရှိ အဓိကတက္ကသိုလ်ကြီးများက ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းမှုအပေါ် ထောက်ခံအားပေးကြောင်း ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။
ဘဲလ်ဂရိတ်၊ မေ ၃၁ ရက်(ဆင်ဟွာ) ဟန်ဂေရီ-ဆားဘီးယား ရထားလမ်းစီမံကိန်းသည် ဆားဘီးယားနိုင်ငံအတွက် အထူးအရေးပါကြောင်း ၎င်းမှာ ရထားလမ်းတစ်လျှောက်ဒေသရှိ ပြည်သူများ၏ လူမှုဘဝ အဆင့်အတန်းနှင့် ဒေသန္တရစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်လိမ့်မည်ဖြစ်ကြောင်း ဆားဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic က ယင်းတည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်လေ့လာကြည့်ရှုစဉ် မေ ၃၀ ရက်တွင်...
ဘာလင်၊ မေ ၃၀ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ၏ အကြီးဆုံးကားထုတ်လုပ်သူ Volkswagen က တရုတ်နိုင်ငံ လျှပ်စစ်ကားထုတ်လုပ်ရေးတွင် ယူရို နှစ်ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၂.၂၂ ဘီလီယံ) ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း မေ ၂၉ ရက်က ကြေညာခဲ့သည်။
ရှီးချန်း၊ မေ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဂြိုဟ်တုအသစ်နှစ်စင်းကို စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ယနေ့ (မေ ၃၀ ရက်) တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
ခါတွမ် ၊ မေ ၂၉ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ အစိုးရ ဆေးဘက်ဆိုင်ရာ ကပ်ရောဂါ တိုက်ဖျက်ရေး ပညာရှင် အဖွဲ့ က မေလ ၂၈ ရက် ညနေပိုင်း အချိန်တွင် ဆူဒန် နိုင်ငံ မြို့တော် ခါတွမ် သို့ ရောက်ရှိခဲ့ပြီး...