Connect with us

Science & Technology

တရုတ်နိုင်ငံ၏ လကမ္ဘာသွားယာဉ်က လမျက်နှာပြင်တစ်ဖက်စွန်း မီတာ ၁,၀၀၀ ကျော်အထိ ခရီးနှင်ပြီးဖြစ်

ပေကျင်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ Chang’e-4 အာကာသယာဉ်၏ လမျက်နှာပြင်ပေါ် ဆင်းသက်ယာဉ်နှင့် လပေါ်သွားယာဉ် Yutu-2 သည် ဇန်နဝါရီ ၆ ရက် သန်းခေါင်းယံအချိန်အထိ လမျက်နှာပြင်တစ်ဖက်ခြမ်း၌ မီတာပေါင်း ၁၀၀၃.၉ အထိ ခရီးနှင်ခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ လကမ္ဘာစူးစမ်းလေ့လာရေးနှင့် အာကာသအစီအစဉ်စင်တာက ဇန်နဝါရီ ၇ ရက်က ပြောကြားခဲ့သည်။Yutu-2 သို့မဟုတ် ကျောက်စိမ်းယုန်-၂ (Jade Rabbit-2) က မစ်ရှင်၏ ၃၆ ရက်မြောက်နေ့ (လကမ္ဘာပေါ်နေ့ရက်) တွင် ၎င်း၏ တည်နေရာမှ မီတာ ၈၀ ခန့်အား မထင်ရှားသော်လည်း စိတ်ဝင်စားစရာကောင်းသော ဓာတ်ပုံတစ်ပုံကို ရိုက်ကူးယူခဲ့သည်။

မီးတောင်ဝငယ်နံဘေးတွင် ရှိပြီး မြောက်ဘက်သို့ ရေပြင်ညီနေရာတွင် ပေါ်ထွက်နေသော ထုထည်တစ်စုံတစ်ရာကို ရိုက်ကူးယူထားခြင်း ဖြစ်ကြောင်း ယာဉ်မှတ်တမ်း၌ ဖော်ပြထားသည်။ အဆိုပါ ဓာတ်ပုံနှင့် ပတ်သက်၍ လူမှုမီဒီယာပေါ်၌ ဆွေးနွေးမှုလည်း ဖြစ်ပေါ်ခဲ့သည်။

နောက်ဆုံးတွင် Yutu-2 သည် ထိုဆန်းကျယ်သောအရာဝတ္ထုမှ ၁၀ မီတာခန့်အကွာသို့ ရောက်ရှိချိန်၌ ယာဉ်ပေါ်ရှိ မြင်ကွင်းကျယ်ကင်မရာက ၎င်းအရာဝတ္ထုအား ရောင်စုံဓာတ်ပုံရိုက်ကူးယူနိုင်ခဲ့သည်။

ဓာတ်ပုံများအရ ၎င်းအရာဝတ္ထုမှာ ကျောက်တုံတစ်တုံးဖြစ်နိုင်ကြောင်း သုတေသီများက အမျိုးအစားခွဲခြားခဲ့ကြသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ၎င်းမှာ ကျောက်စိမ်းယုန်နှင့်ပင် အလားသဏ္ဍာန်တူနေသည်ဟု ဆိုသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၈ ရက်၌ လွှတ်တင်ခဲ့သော Chang’e-4 အာကာသယာဉ်သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်၌ လမျက်နှာပြင်တစ်ဖက်ခြမ်း South Pole-Aitken ချိုင့်ရှိ Von Karman ချိုင့်ကြီးပေါ်၌ ပထမဆုံး ဆင်းသက်ခဲ့သည်။

လကမ္ဘာပေါ်ရှိနေ့ရက် တစ်ရက်သည် ကမ္ဘာမြေပေါ်ရှိ နေ့ရက် ၁၄ ရက်နှင့် ညီမျှကြောင်း၊ လကမ္ဘာပေါ်ရှိညတစ်ညသည်လည်း အလားတူပင်ဖြစ်သည်။ လက်ရှိတွင် Yutu-2 သည် မစ်ရှင်၏ လကမ္ဘာနေ့ ၃၈ ရက်မြောက်ရှိပြီဖြစ်ကာ အခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

China’s lunar rover travels over 1,000 meters on far side of moon
Source: Xinhua
Editor: huaxia
2022-01-08 00:28:16
BEIJING, Jan. 7 (Xinhua) — Yutu-2, the lander and rover of the Chang’e-4 probe, has traveled 1,003.9 meters on the far side of the moon, as of midnight on Thursday, according to the Lunar Exploration and Space Program Center of the China National Space Administration on Friday.
Yutu-2, or Jade Rabbit-2, captured an obscure but intriguing image about 80 meters from its location during the mission’s 36th lunar day.
Something cubic loomed on the horizon to the north, sitting next to a young impact crater, said the rover’s log. The image sparked heated debates on social media platforms.
When Yutu-2 finally reached about 10 meters away from the mysterious object, the panorama camera on the rover took colored pictures of the object.
According to the pictures, researchers identified that the object might be a rock. Very coincidentally, it looks like a jade rabbit.
The Chang’e-4 probe, launched on Dec. 8, 2018, made the first-ever soft landing on the Von Karman Crater in the South Pole-Aitken Basin on the far side of the moon on Jan. 3, 2019.
A lunar day is equal to 14 days on Earth, and a lunar night is the same length. Yutu-2 is currently in the mission’s 38th lunar day and is in good condition.■
Photo : Photo taken by the rover Yutu-2 (Jade Rabbit-2) on Jan. 11, 2019 shows the lander of the Chang’e-4 probe. (Xinhua/China National Space Administration)