ပေကျင်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) နွေရာသီခရီးသွားထူထပ်သည့် ကာလအဆုံးသတ်ချိန်ထိ တရုတ်နိုင်ငံသားအများစုသည် ရထားဖြင့် အများဆုံး သွားလာမှုပြုလုပ်ခဲ့ကြောင်း အမျိုးသားမီးရထားသယ်ယူပို့ဆောင်ရေးဌာန၏ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ပေကျင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြောက်ကိုရီးယားနိုင်ငံသို့ စက်တင်ဘာလ ၂ ရက်မှ ၄ ရက်အထိ သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သြဂုတ်လ ၃၀ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ထူးချွန်သူများအား ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်ဆုများ၊ ချစ်ကြည်ရေးဆုများနှင့် အမျိုးသားရေးဂုဏ်ပြုဆုများအား တရုတ်နိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားတွင် ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) နှင့် ပေကျင်းမြို့ရှိ Diaoyutai နိုင်ငံတော်ဧည့်ဂေဟာ၌ သြဂုတ်လ ၂၉ ရက်တွင် တွေ့ဆုံကာ ဆက်ဆံရေး တိုးတက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့ကြသည်။
ချုံချင်း၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းနယ်မြေတွင် ကျင်းပခဲ့သော 2019 Smart China Expo တွင် ရင်းနှီးမြှုပ်နှံမှု ယွမ် ၈၁၆.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁၅.၇ ဘီလီယံ) တန်ဖိုးရှိ စီမံကိန်း ၅၃၀ အား လက်မှတ်ရေးထိုးခဲ့ကြောင်း...
ဝူရုမုချိ ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(Xinjiang Uygur) တွင် ၂ဝ၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်း ဒေသခံများ၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို အထောက်အကူပြုတွန်းအားပေးနေသည့် ခရီးသွားလုပ်ငန်းမှတစ်ဆင့် အလုပ်အကိုင်အသစ်ပေါင်း ၃၂,ဝဝဝ ကျော်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
မကာအို ၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ) မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) ၏ ပဉ္စမမြောက် အုပ်ချုပ်ရေးမှူးအဖြစ် ဟက်ရိချန် (Ho Iat Seng) သည် ယနေ့( သြဂုတ် ၂၅ ရက်) တွင် ရွေးချယ်တင်မြှောက်ခံရပြီး ၎င်းသည် တရုတ်နိုင်ငံဗဟိုအစိုးရ၏ တရားဝင်ခန့်အပ်မိန့်ကို စောင့်ဆိုင်းနေကြောင်း သိရသည်။
ပေကျင်း၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)
ပေကျင်း၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ စက်ရုပ်တီထွင် ထုတ်လုပ်မှုသည် ၂၀၁၈ ခုနှစ်တွင် ၁၄၈,၀၀၀ ခု ရှိခဲ့ရာ ကမ္ဘာ့စက်ရုပ်ထုတ်လုပ်မှု စုစုပေါင်း၏ ၃၈ ရာခိုင်နှုန်းကျော် ရှိကြောင်း၂၀၁၉ ခုနှစ် ကမ္ဘာ့စက်ရုပ်ညီလာခံတွင် တရုတ်နိုင်ငံဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။
ရှန်ဟဲ၊ ဟဲဘေပြည်နယ်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ် (CFA) သည် ၁၁ ကြိမ်မြောက် အသင်းဝင်များ ညီလာခံအား ဟဲဘေပြည်နယ်ရှိ ရှန်ဟဲ အမျိုးသားဘောလုံးလေ့ကျင့်ရေးစင်တာ၌ ပြုလုပ်ခဲ့ရာ ဥက္ကဋ္ဌအဖြစ် ချိန်ရွှီယွမ်အားလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌများအဖြစ် အတွေ့အကြုံရှိ ဘောလုံးပညာရှင် ၃ ဦးတို့အားလည်းကောင်း ရွေးချယ်ခဲ့ကြောင်း...