ပေကျင်း၊ မတ် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့သည် တ်လ ၉ ရက်က တယ်လီဖုန်းမှတစ်ဆင့် ကိုရီးယားကျွန်းဆွယ်အရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က ၂၀၁၈ခုနှစ်တွင် တရုတ်နိုင်ငံ ၌ ကျင်းပမည့် အဓိကကျသော ပွဲအခမ်းအနား ၄ခုကို အမျိုးသားပြည်သူ့ကွန်ဂရက် ၏နှစ်ပတ်လည်အစည်းအဝေး အပြီး မတ်လ ၈ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ခု၌ မိတ်ဆက်ပြောကြားခဲ့သည်။
ပေကျင်း ၊ မတ် ၇ ရက်(ဆင်ဟွာ) သမိုင်းတွင် အရေးပါသော လှုပ်ရှားသက်ဝင်မှုတစ်ခု ကြုံတွေ့လာချိန်တိုင်းတွင် ရွေးချယ် စရာ အကြောင်းအရာ နှစ်ခု အမြဲလိုလို ရှိတတ်သည်။ အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်ပြီး တိုးတက်အောင် လုပ်ဆောင်ခြင်း (သို့မဟုတ်) အခွင့်အလမ်းကိုလက်လွှတ်၍ ကျဆုံးစေခြင်း တို့ပင်ဖြစ်သည်။
ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်သည် အခြား အင်အားကြီးနိုင်ငံများထက် နည်းပါးကြောင်း နှင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အခြားမည်သည့်နိုင်ငံကိုမျှ ခြိမ်းခြောက်မှုမဖြစ်စေကြောင်း ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ပထမအကြိမ် အစည်းအဝေးပွဲ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက မတ် ၄ရက်တွင်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ ဒေသအချို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်အား ယနေ့ (ဖေဖော်ဝါရီလ ၂၇ ရက်) ထုတ်ပြန်လိုက်သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်မှ ၁၉ ကြိမ်မြောက် CPC အမျိုးသားညီလာခံသို့ တင်သွင်းသည့် အစီရင်ခံစာအား နိုင်ငံခြားဘာသာ ၁၀ မျိုးဖြင့် ပုံနှိပ်ထုတ်ဝေ လိုက်ကြောင်း သိရသည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ Su-35 ဂျက်တိုက်လေယာဉ်များသည် တောင်တရုတ်ပင်လယ်အတွင်း ပူးတွဲကင်းလှည့်ရေး အစီအစဉ် အဖြစ် နောက်ဆုံးပေါ် J-20 လျှို့ဝှက်ထောက်လှမ်းရေး ဂျက်လေယာဉ်များ နှင့်အတူ လေကြောင်းလုံခြုံရေးအတွက် ကင်းလှည့်စစ်ဆင်ရေးများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံစစ်ဘက်ကျွမ်းကျင်သူတစ်ဦးက ဖေဖော်ဝါရီ ၁ဝ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
စင်ကာပူ ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ) စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းသည် စင်ကာပူနိုင်ငံသို့အလည်အပတ်ခရီးရောက်ရှိနေသည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ချန်ဝမ်ကွမ်း ( Chang Wanquan) အား ဖေဖော်ဝါရီ ၇ ရက်တွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) ရန်ကုန်မြို့ဂျန်းရှင်းစကွဲ၌ ဖေဖော်ဝါရီ ၇ ရက် ညပိုင်းတွင် တရုတ်နှစ်သစ်ကူး ဖျော်ဖြေရေး တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်ရိုးရာ ခြင်္သေ့ အက နှင့် နဂါးအက မျာကို တင်ဆက်ကပြခဲ့ကြောင်း သိရသည်။ယခုပြိုင်ပွဲသည် ၄ ကြိမ်မြောက် ကျင်းပသော ပြိုင်ပွဲတစ်ခုဖြစ်ပြီး ” တရုတ်ခြင်္သေ့နဂါးအကရိုးရာယဉ်ကျေးမှုကို ပြသချင်လို့ပါ”...
ပေကျင်း ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက တာလတ်ပစ် မြေပြင်အခြေစိုက် ဒုံးခွင်းဒုံးတစ်ခုကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ကြောင်း ယနေ့ဖေဖော်ဝါရီ ၆ ရက်တွင် ထုတ်ဖော်ကြေညာလိုက်သည်။