Connect with us

Europe

ဘီလာရုစ်နိုင်ငံ တရုတ်-ဘီလာရုစ် စက်မှုဇုန်တွင် 5G အသုံးပြုခြင်းဆိုင်ရာ စမ်းသပ်မှု အောင်မြင်

ဘီလာရုစ်နိုင်ငံ မြို့တော် မင့်စ်ခ် မြို့ပြင်ရှိ တရုတ်-ဘီလာရုစ် စက်မှုဇုန်တွင် မောင်းသူမဲ့ယာဉ် တစ်စင်း လမ်းပေါ်တွင်မောင်းနှင်နေသည်ကို မြင်တွေ့ရစဉ် (ဆင်ဟွာ)

မင့်စ်ခ် ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး
ဘီလာရုစ်နိုင်ငံ ဆက်သွယ်ရေးကုမ္ပဏီက ဇန်နဝါရီ ၁၄ ရက် ၌ တရုတ်နိုင်ငံ ဟွာဝေးကုမ္ပဏီ နှင့် ပူးပေါင်းဆောင်ရွက်၍ တရုတ်-ဘီလာရုစ် စက်မှုဇုန်တွင် 5G အသုံးပြုခြင်းဆိုင်ရာ စမ်းသပ်မှုပြုလုပ်ခဲ့ရာတွင် အောင်မြင်မှုရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဘီလာရုစ်နိုင်ငံ ဆက်သွယ်ရေးကုမ္ပဏီ အထွေထွေမန်နေဂျာ Nikolaevich ၏ မိတ်ဆက်ပြောကြားချက်အရ တရုတ်-ဘီလာရုစ် စက်မှုဇုန်၌ ဟွာဝေး တာဝါတိုင်ဖြင့် 5G အသုံးပြုခြင်းဆိုင်ရာ စမ်းသပ်မှုပြုလုပ်ခဲ့ရာတွင် ၃.၆ GHz ကြိမ်နှုန်းဖြင့် မောင်းသူမဲ့ယာဉ်မောင်းနှင်ခြင်း ၊ လူမျက်နှာပုံသဏ္ဍာန်ခွဲခြားခြင်း ၊ စက်မှုဇုန်အတွင်း လမ်းပန်းဆက်သွယ်ရေး အချက်ပြမီးများ စောင့်ကြည့်ထိန်းချုပ်ခြင်း ၊ စက်မှုလုပ်ငန်းသုံးစက်ရုပ်များ အသုံးပြုခြင်း စသည့် နည်းပညာများကို စမ်းသပ်မှု ပြုလုပ်ရာတွင် အချက်အလက်အမြင့်ဆုံးပို့ဆောင်နိုင်ချိန်တွင် တစ်စက္ကန့်လျှင် ၁.၂၃၅ Gbit/s အထိ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဘီလာရုစ်နိုင်ငံ ဆက်သွယ်ရေး နှင့် သတင်းအချက်အလက်ဝန်ကြီးဌာန ဝန်ကြီး Sergei Popkov က တရုတ်-ဘီလာရုစ် စက်မှုဇုန်တွင် ဘီလာရုစ်နိုင်ငံ၏ ပထမဦးဆုံး 5G စမ်းသပ်မှု ပြုလုပ်ခဲ့ခြင်းသည် သုတေသနဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းတန်ဖိုးကို များစွာ တွန်းအားပေးမြှင့်တင်နိုင်ခဲ့ကြောင်း ၊ အနာဂတ်တွင် ပိုမိုများပြားသော 5G ဆိုင်ရာ ပစ္စည်းကိရိယာ နှင့် နည်းပညာ ထုတ်လုပ်မှု နှင့် သုတေသန ကုမ္ပဏီများ တရုတ်-ဘီလာရုစ် စက်မှုဇုန်တွင် အခြေချသွားရန် မျှော်လင့်ပြီး ဘီလာရုစ် နိုင်ငံ 5G ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု နှင့် လူအများအသုံးပြုနိုင်ရန် အတူတကွ တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

တရုတ်-ဘီလာရုစ် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ အထွေထွေမန်နေဂျာ ယျန်ကန်း က စက်မှုဇုန် အတွင်း 5G ကွန်ယက်စမ်းသပ်မှု ပြုလုပ်ခြင်း သည် တရုတ်-ဘီလာရုစ် နှစ်နိုင်ငံ အဆင့်မြင့်နည်းပညာ ကဏ္ဍတွင် ရှေ့ဆက်တိုး၍ နက်ရှိုင်းစွာ ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခြင်း ဖြစ်ကြောင်း ၊ အနာဂတ်တွင် ပိုမိုများပြားသော 5G နည်းပညာ ပူးပေါင်းဆောင်ရွက်သည့် ကုမ္ပဏီများ တရုတ်-ဘီလာရုစ် စက်မှုဇုန် တွင် သုတေသနလုပ်ငန်း နှင့် ထုတ်လုပ်မှု လုပ်ငန်းများ လာရောက်ဆောင်ရွက်ရန် မျှော်လင့်ပြီး စက်မှုဇုန်အား ဘီလာရုစ်နိုင်ငံ ၏ ခေတ်မီသည့် လုပ်ငန်းများ စုဝေးသည့် ပလတ်ဖောင်းအဖြစ် ဖြစ်တည်လာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၄ ရက်၌ ပြုလုပ်ခဲ့သည့် စမ်းသပ်မှု တွင် စမတ်တံခါးများ ၊ စက်ရုပ်များ ၊ မောင်းသူမဲ့ယာဉ်များ ၊ လမ်းပန်းဆက်သွယ်ရေး စောင့်ကြည့်ထိန်းချုပ်မှုများ နှင့် 8K ဗီဒီယို ထုတ်လွှင့်မှု စသည့် 5G စမ်းသပ်မှု အခြေအနေ များကို ဆောင်ရွက်ပြသခဲ့သည်။

တရုတ်-ဘီလာရုစ် စက်မှုဇုန် သည် မင့်စ်ခ် လေဆိပ်အနီးတွင် တည်ရှိပြီး ဘီလာရုစ်နိုင်ငံ ၏ အကြီးဆုံးသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခေါ်ဆောင်သည့် စီမံကိန်းဖြစ်ကြောင်း ၊ ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းအချိန်တွင် စက်မှုဇုန်တည်ဆောက်မှုလုပ်ငန်း အား လက်တွေ့ဆောင်ရွက်ခဲ့ရာတွင် လျင်မြန်စွာ တည်ဆောက်ပြီးစီး ခဲ့ပြီး တရုတ် ၊ ရုရှား ၊ အမေရိကန် ၊ ဂျာမနီ နှင့် သြစတြီးယား စသည့် နိုင်ငံများမှ လုပ်ငန်းကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု လာရောက်ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။ (Xinhua)
—————————————
(Chinese Version)
(科技)白俄罗斯在中白工业园成功进行5G应用测试
2021-01-15 11:47:57 分类: 科学技术
  新华社明斯克1月14日电(记者魏忠杰 李佳)白俄罗斯电信公司14日宣布,其与华为公司合作在中白工业园开展的5G应用测试当天成功结束。
  白俄罗斯电信公司总经理尼卡拉耶维奇介绍说,在中白工业园开展的5G测试使用了华为基站,在3.6吉赫兹(GHz)频段测试了无人驾驶、面部识别、园区道路交通信号灯监控、工业机器人等技术,测试过程中最大传输速度达到1.235吉比特每秒。
  白俄罗斯通信与信息化部部长舒利甘表示,中白工业园作为白俄罗斯首个5G应用试验平台,其5G测试项目推动迅速并取得了较好的研究进展和商用价值,希望未来有更多5G设备和技术的生产及研发公司落地园区,共同推动白俄罗斯5G通信技术的发展和普及。
  中白工业园开发公司总经理严刚说,在园区开展的5G网络测试促进了中白两国在高新技术领域的进一步深化交流与合作,期待未来有更多5G技术合作企业在中白工业园开展研发和生产活动,推动园区成为白俄罗斯先进产业聚集的平台之一。
  当天,活动主办单位还在现场演示了智能门禁、机器人、无人车驾驶、道路监控及8K视频播放等5G测试情况。
中白工业园位于明斯克机场附近,是白俄罗斯最大的招商引资项目。自2015年下半年开始实质性开发以来,工业园开发建设快速推进,已吸引来自中国、俄罗斯、美国、德国、奥地利等国家的多家企业入驻。(完)

Photo
5月12日,在白俄罗斯首都明斯克郊区的中白工业园,一辆无人车行驶在道路上。 新华社发(任科夫摄)